DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 5, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၇၁၆၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၉၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၃၄၀၀ ကျပ်ဈေးကွာခြား မှုရှိပါတယ်။

 

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက  တအိတ်ကို ၈၆၁၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၄၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ 

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၅၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် ပေါက်ဈေး တအိတ်ကို ၆၀၀ ကျပ် ဈေးကွာခြား မှုရှိပါတယ်။

 

ကုလားပဲ v2

မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၉၀၀၀ ကနေ ၈၀၀၀၀ ပေါက်ဈေးရှိပြီးူ တအိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၅၆၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၄၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

 

ထောပတ်ပဲ

မန္တလေးကုန်စည်ဒိုင်မာ ထောပတ်ပဲက တအိတ်ကို ၉၆၀၀၀၀ ကနေ ၁၀၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ 

မြင်းခြံကုန်စညဒိုင်မှာတော့ တအိတ်ကို ၈၅၂၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုနစ်ည်ဒိုင် တအိတ်ကို ၁၄၈၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

 

ပဲဆီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဆီက တပိဿာကို ၇၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲမရှိပါဘူး။

မုံရွာကုန်စည်ဒိုင်မှာတော့ တပိဿာကို ၇၂၀၀ ပေါက်ဈေးရှိပြး ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တပိဿာကို ၂၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

 

မြေပဲဆံနီ

မုံရွာကုန်စည်ဒိုင်မှာတော့ မြေပဲဆံနီက တပိဿာကို ၄၁၅၀ ကနေ ၄၂၀၀ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ်ဈေးတက်လာပါတယ်။ 

အောင်လံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၄၂၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးတက်လာပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။   

သတင်း – AMIA




Zawgyi Version


ဒီဗွီဘီ

မတ်ပဲ



ပဲစင်းငုံနီ



ကုလားပဲ v2

မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၉၀၀၀ ကနေ ၈၀၀၀၀ ပေါက်ဈေးရှိပြီူး တအိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။


ထောပတ်ပဲ



ပဲဆီ



မြေပဲဆံနီ




သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013