DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 2, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင်တအိတ်ကို ၇၃၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၈၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၇၅၀၀၀ ကနေ ၇၆၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး တအိတ်ကို ၂၅၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ပဲကြီး

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲကြီးက တအိတ်ကို ၁၁၁၃၀၀ ကနေ ၁၁၇၀၀၀ ပေါက်ဈေးရှိပြီး ၅၄၀၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈၅၀၀၀ ကနေ ၁၁၃၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၄၀၀၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။

 

ကုလားပဲ(ဗွီတူး)

မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ(ဗွီတူး)က၅၇.၂၅ပိဿာဝင်တအိတ်ကို ၇၉၀၀၀ ကနေ ၈၀၀၀၀ ပေါက်ဈေး ရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာ ကုလားပဲ(ဗွီတူး) တအိတ်ကို ၇၈၆၀၀  ပေါက်ဈေးရှိပြီး တအိတ်ကို ၁၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ၁၄၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

 

စီပီပြောင်း

မန္တလေးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၂၄၀၀၀ ကနေ ၂၅၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ 

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၄၉၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၆၀၀ ကျပ်ဈေးကွာခြား မှုရှိပါတယ်။

 

ပဲတီစိမ်း

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲတီစိမ်းက တအိတ်ကို ၉၅၀၀၀ ကနေ ၁၀၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၉၀၀၀၀ ကနေ ၁၀၀၅၀၀ ပေါက်ဈေးရှိပြီး ၄၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၄၅၀၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ၁၅၅၀၀၀ ကနေ ၁၅၈၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ 

မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၄၄၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြော်ငးအလဲ မရှိပါဘူး။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၁၄၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။   

သတင်း – AMIA




Zawgyi Version


ဒီဗွီဘီ

မတ်ပဲ



ပဲကြီး



ကုလားပဲ(ဗွီတူး)



စီပီပြောင်း



ပဲတီစိမ်း



နှမ်းညို



 


သတင်း – AMIA

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013