DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီရုံးရှေ့ လက်ပစ်ဗုံးလာပစ်ခဲ့မှု မသင်္ကာသူများကို စစ်ဆေးနေဟု ရဲတပ်ဖွဲ့ပြော
DVB
·
August 2, 2019
အန်အယ်လ်ဒီရုံးရှေ့ လက်ပစ်ဗုံးလာပစ်ခဲ့မှု မသင်္ကာသူများကို စစ်ဆေးနေဟု ရဲတပ်ဖွဲ့ပြော
Donate to DVB

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် အန်အယ်လ်ဒီရုံးရှေ့မှာ လက်ပစ်ဗုံး လာရောက်ပစ်သွားတဲ့သူကို ရဲတပ်ဖွဲ့က အနီးနားအိမ်ရာက CCTV မှတ်တမ်းကတဆင့် မသင်္ကာသူတွေကို စစ်ဆေးနေတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့ကပြောပါတယ်။ 

အခုလို စစ်ဆေးနေရာမှာ CCTV မှတ်တမ်းမှာတွေ့ရှိတဲ့ မသင်္ကာဖွယ်ရာ အပေါ့သွားနေသူတဦးကို သံသယရှိသူအဖြစ် သတ်မှတ်မရဘဲ ကားနဲ့ရပ်ပြီး လက်ပစ်ဗုံးလာချသွားတာလည်း ဖြစ်နိုင်တာကြောင့် ကားနံပါတ်တွေကိုပါ စစ်ဆေး သေချာကြည့်ရှုသင့်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦး မောင်မောင်ဦးက ပြောပါတယ်။

“ဒါဟာ လူတယောက်က လမ်းလျှောက်လာပြီး ချသွားတာလို့ ယူဆလို့ မရဘူး။ ကားတစီးက ရပ်ပြီး ချသွားပြီးမှ ထွက်သွားတယ်လို့ ဦး အဲဒီလိုထင်တယ်၊ အဲဒီလို ယူဆတယ်။ ဒါကြောင့်မို့လို့ လမ်းလျှောက်သွားတဲ့၊ ဒီနားလေးမှာ ရပ်သွားတဲ့ လူနောက်ကို မဲမနေဘဲနဲ့ အဲဒီနေရာမှာ ရပ်သွားတဲ့ ကားတွေရဲ့နောက်ကို လိုက်ရင် ပိုပြီးတော့ လိုရင်းကို ရောက်မယ်လို့ ထင်တယ်။”

သင်္ဃန်းကျွန်းမြို့နယ်  လေးထောင့်ကန်လမ်းမကြီးအနီး  မလိခ အိမ်ရာမှာ အန်အယ်လ်ဒီရုံးနဲ့ လွှတ်တော်ကိုယ်စားလှယ်ရုံး တွဲဖွင့်ထားတဲ့ အဆောက်အဦရဲ့ ရှေ့ဘက် ၅ ပေလောက်အကွာမှာ ဇူလိုင်လ ၂၄ ရက်နေ့က လက်ပစ်ဗုံးလာရောက်ပစ်သွားတာကို သန့်ရှင်းရေးဝန်ထမ်းက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#Zawgyi_version

အန္အယ္လ္ဒီ႐ုံးေရွ႕ လက္ပစ္ဗုံးလာပစ္ခဲ့မႈ မသကၤာသူမ်ားကို စစ္ေဆးေနဟု ရဲတပ္ဖြဲ႕ေျပာ

DVB

ရန္ကုန္တိုင္း သဃၤန္းကြၽန္းၿမိဳ႕နယ္ အန္အယ္လ္ဒီ႐ုံးေရွ႕မွာ လက္ပစ္ဗုံး လာေရာက္ပစ္သြားတဲ့သူကို ရဲတပ္ဖြဲ႕က အနီးနားအိမ္ရာက CCTV မွတ္တမ္းကတဆင့္ မသကၤာသူေတြကို စစ္ေဆးေနတယ္လို႔ သဃၤန္းကြၽန္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကေျပာပါတယ္။

အခုလို စစ္ေဆးေနရာမွာ CCTV မွတ္တမ္းမွာေတြ႕ရွိတဲ့ မသကၤာဖြယ္ရာ အေပါ့သြားေနသူတဦးကို သံသယရွိသူအျဖစ္ သတ္မွတ္မရဘဲ ကားနဲ႔ရပ္ၿပီး လက္ပစ္ဗုံးလာခ်သြားတာလည္း ျဖစ္ႏိုင္တာေၾကာင့္ ကားနံပါတ္ေတြကိုပါ စစ္ေဆး ေသခ်ာၾကည့္ရႈသင့္တယ္လို႔ သဃၤန္းကြၽန္းၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ဦး ေမာင္ေမာင္ဦးက ေျပာပါတယ္။

“ဒါဟာ လူတေယာက္က လမ္းေလွ်ာက္လာၿပီး ခ်သြားတာလို႔ ယူဆလို႔ မရဘူး။ ကားတစီးက ရပ္ၿပီး ခ်သြားၿပီးမွ ထြက္သြားတယ္လို႔ ဦး အဲဒီလိုထင္တယ္၊ အဲဒီလို ယူဆတယ္။ ဒါေၾကာင့္မို႔လို႔ လမ္းေလွ်ာက္သြားတဲ့၊ ဒီနားေလးမွာ ရပ္သြားတဲ့ လူေနာက္ကို မဲမေနဘဲနဲ႔ အဲဒီေနရာမွာ ရပ္သြားတဲ့ ကားေတြရဲ႕ေနာက္ကို လိုက္ရင္ ပိုၿပီးေတာ့ လိုရင္းကို ေရာက္မယ္လို႔ ထင္တယ္။”

သဃၤန္းကြၽန္းၿမိဳ႕နယ္  ေလးေထာင့္ကန္လမ္းမႀကီးအနီး  မလိခ အိမ္ရာမွာ အန္အယ္လ္ဒီ႐ုံးနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္႐ုံး တြဲဖြင့္ထားတဲ့ အေဆာက္အဦရဲ႕ ေရွ႕ဘက္ ၅ ေပေလာက္အကြာမွာ ဇူလိုင္လ ၂၄ ရက္ေန႔က လက္ပစ္ဗုံးလာေရာက္ပစ္သြားတာကို သန႔္ရွင္းေရးဝန္ထမ္းက စတင္ေတြ႕ရွိခဲ့တာျဖစ္ၿပီး သက္ဆိုင္ရာကို အေၾကာင္းၾကားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013