DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း ၆ လအတွင်း ယာဉ်တိုက်မှုဖြင့် လူ ၃၀၀၀ ခန့် သေဆုံး
DVB
·
August 1, 2019
နိုင်ငံတဝန်း ၆ လအတွင်း ယာဉ်တိုက်မှုဖြင့် လူ ၃၀၀၀ ခန့် သေဆုံး
Donate to DVB

Unicode Version ဖြင့်ဖတ်ရန်

မြန်မာတနိုင်ငံလုံးမှာ အခုနှစ် ၆ လအတွင်းယာဉ်တိုက်မှုတွေကြောင့် လူပေါင်း ၃၀၀၀ လောက်သေဆုံးခဲ့ပြီး မနှစ်က ကာလတူထက် ပိုများလာပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ အခြေအနေကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၉ ရက်က ထုတ်ပြန်လိုက်တာဖြစ်ပြီး မနှစ်ကထက် ယာဉ်တိုက်တာ လျော့နည်းသွားပေမယ့် အယောက် ၉၀ လောက်ပိုပြီး သေဆုံးခဲ့ပါတယ်။

မနှစ်က ပထမ ၆ လမှာ တနိုင်ငံလုံး ယာဉ်တိုက်မှု ၉၂၆၅ မှုဖြစ်ပြီး ၂၈၄၅ ယောက်သေဆုံး၊ ၁၄၆၀၃ ယောက် ဒဏ်ရာရပါတယ်။ အခုနှစ် ပထမ ၆ လမှာတော့ ယာဉ်တိုက်မှု ၈၇၂၈ မှုဖြစ်ပြီး ၂၉၃၅ ယောက်သေဆုံး၊ ၁၃၇၀၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီ ၆ လအတွင်း သေဆုံးသူ အများဆုံးကတော့ ရန်ကုန်တိုင်းမှာဖြစ်ပြီး ယာဉ်တိုက်မှု ၁၂၄၈ မှုမှာ ၁၄၄၁ ယောက်ဒဏ်ရာရ၊ ၃၈၈ ယောက် သေဆုံးခဲ့ပါတယ်။ ပဲခူးတိုင်းမှာ ၃၅၇ ယောက်၊ ရှမ်းပြည်နယ်မှာ ၃၅၁ ယောက်၊ မန္တလေးတိုင်းမှာ ၃၁၇ ယောက်၊ ဧရာဝတီတိုင်းမှာ ၂၅၂ ယောက်၊ စစ်ကိုင်းတိုင်းမှာ အယောက် ၂၅၀ သေဆုံးခဲ့ပါတယ်။

မနှစ်ကထက် သိသိသာသာ တိုးလာတာကတော့ ရန်ကုန်တိုင်းမှာ ၈၂ ယောက်၊ ရှမ်းပြည်နယ်မှာ အယောက် ၇၀၊ ပဲခူးတိုင်းမှာ ၃၅ ယောက်၊ မကွေးတိုင်းမှာ ၃၂ ယောက် ဖြစ်ပါတယ်။

နေပြည်တော်၊ ကချင်၊ ကယား၊ မွန်နဲ့ ရခိုင်ပြည်နယ်၊ စစ်ကိုင်းန့ မန္တလေးတိုင်းတို့မှာတော့ မနှစ်ကထက် လျော့သွားပြီး မန္တလေးတိုင်းမှာတော့ ယာဉ်တိုက်မှုလည်း လျော့ခဲ့သလို သေဆုံးသူလည်း ၅၉ ယောက် လျော့သွားခဲ့ပါတယ်။

Zawgyi Version ျဖင့္ဖတ္ရန္

ျမန္မာတႏိုင္ငံလုံးမွာ အခုႏွစ္ ၆ လအတြင္းယာဥ္တိုက္မႈေတြေၾကာင့္ လူေပါင္း ၃၀၀၀ ေလာက္ေသဆုံးခဲ့ၿပီး မႏွစ္က ကာလတူထက္ ပိုမ်ားလာပါတယ္။

၂၀၁၉ ခုႏွစ္ ဇန္နဝါရီကေန ဇြန္လအထိ အေျခအေနကို ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနက ဇူလိုင္ ၂၉ ရက္က ထုတ္ျပန္လိုက္တာျဖစ္ၿပီး မႏွစ္ကထက္ ယာဥ္တိုက္တာ ေလ်ာ့နည္းသြားေပမယ့္ အေယာက္ ၉၀ ေလာက္ပိုၿပီး ေသဆုံးခဲ့ပါတယ္။

မႏွစ္က ပထမ ၆ လမွာ တႏိုင္ငံလုံး ယာဥ္တိုက္မႈ ၉၂၆၅ မႈျဖစ္ၿပီး ၂၈၄၅ ေယာက္ေသဆုံး၊ ၁၄၆၀၃ ေယာက္ ဒဏ္ရာရပါတယ္။ အခုႏွစ္ ပထမ ၆ လမွာေတာ့ ယာဥ္တိုက္မႈ ၈၇၂၈ မႈျဖစ္ၿပီး ၂၉၃၅ ေယာက္ေသဆုံး၊ ၁၃၇၀၂ ေယာက္ ဒဏ္ရာရခဲ့ပါတယ္။

ဒီ ၆ လအတြင္း ေသဆုံးသူ အမ်ားဆုံးကေတာ့ ရန္ကုန္တိုင္းမွာျဖစ္ၿပီး ယာဥ္တိုက္မႈ ၁၂၄၈ မႈမွာ ၁၄၄၁ ေယာက္ဒဏ္ရာရ၊ ၃၈၈ ေယာက္ ေသဆုံးခဲ့ပါတယ္။ ပဲခူးတိုင္းမွာ ၃၅၇ ေယာက္၊ ရွမ္းျပည္နယ္မွာ ၃၅၁ ေယာက္၊ မႏၲေလးတိုင္းမွာ ၃၁၇ ေယာက္၊ ဧရာဝတီတိုင္းမွာ ၂၅၂ ေယာက္၊ စစ္ကိုင္းတိုင္းမွာ အေယာက္ ၂၅၀ ေသဆုံးခဲ့ပါတယ္။

မႏွစ္ကထက္ သိသိသာသာ တိုးလာတာကေတာ့ ရန္ကုန္တိုင္းမွာ ၈၂ ေယာက္၊ ရွမ္းျပည္နယ္မွာ အေယာက္ ၇၀၊ ပဲခူးတိုင္းမွာ ၃၅ ေယာက္၊ မေကြးတိုင္းမွာ ၃၂ ေယာက္ ျဖစ္ပါတယ္။

ေနျပည္ေတာ္၊ ကခ်င္၊ ကယား၊ မြန္နဲ႔ ရခိုင္ျပည္နယ္၊ စစ္ကိုင္းန႔ မႏၲေလးတိုင္းတို႔မွာေတာ့ မႏွစ္ကထက္ ေလ်ာ့သြားၿပီး မႏၲေလးတိုင္းမွာေတာ့ ယာဥ္တိုက္မႈလည္း ေလ်ာ့ခဲ့သလို ေသဆုံးသူလည္း ၅၉ ေယာက္ ေလ်ာ့သြားခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013