DVB Logo
Home
Lead Story
ပရိသတ်တွေ အင်တာနက်ကနေ မဲပေးခဲ့ကြလို့ ဆုရတာပါ - အလှမယ် နန်းမွေခမ်း
DVB
·
July 29, 2019
ပရိသတ်တွေ အင်တာနက်ကနေ မဲပေးခဲ့ကြလို့ ဆုရတာပါ - အလှမယ် နန်းမွေခမ်း
Donate to DVB

တရုတ်နိုင်ငံရဲ့ ၂၀၁၉ ခုနှစ်အတွက် Miss Friendship International အလှမယ်ရွေးပွဲကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကနေ ၂၇ ရက်နေ့ထိ စီချွမ်ပြည်နယ် မြို့တော် ချင်ဒူးမြို့မှာ ကျင်းပခဲ့ပါတယ်။

အဲဒီပွဲမှာ နိုင်ငံပေါင်း ၆၀ ကျော်က အလှမယ်တွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့က နန်းမွေခမ်း (၂၆ နှစ်) က သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒီပွဲမှာ နန်းမွေခမ်းက Miss Congeniality Award လို့ခေါ်တဲ့ လူကြိုက်အများဆုံးဆုကို ရရှိခဲ့ပါတယ်။ ဆုရခဲ့တာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက နန်းမွေခမ်းကို ဆက်သွယ်မေးမြန်းထား ပါတယ်။

မေး -  နိုင်ငံတကာမိတ်ဿဟာ အလှမယ် Miss Friendship International  ပြိုင်ပွဲမှာ ညီမအနေနဲ့ Miss Congeniality Award လို့ခေါ်တဲ့ Miss Popular Vote လူကြိုက်အများဆုံးဆုကို ရခဲ့တယ်လို့ သိရပါတယ်။ ဒီဆုကို ဘယ်လိုရွေးချယ်ပြီး ဘာကြောင့်ရတယ်လို့ ထင်ပါသလဲ။

ဖြေ - ဟုတ်ကဲ့ ညီမ ဒီဆုကိုရတာကတော့ ပြည်တွင်းပြည်ပ ပရိသတ်တွေက အင်တာနက်ကနေ Vote လုပ်ပြီး မဲတွေပေးခဲ့ကြလို့ပါ။ အထူးသဖြင့် မြန်မာပြည်၊ ရှမ်းပြည်က ပရိသတ်တွေ မဲတွေ ၀ိုင်းပေးခဲ့လို့ပါ။ ညီမက မဲအရေအတွက် ၁၃၆၁၅ မဲရပြီး ဒုတိယ မဲအများဆုံးကတော့ ဖိလစ်ပိုင်က အလှမယ် ၆၄၀၂ မဲရပါတယ်ရှင့်။

မေး - ဆုအနေနဲ့ ဘာတွေရခဲ့သလဲ။ 

ဖြေ - ဆုအနေနဲ့  စလွယ်ရယ်၊ ဖန်သားရုပ်တုရယ်၊ ဂုဏ်ပြုလက်မှတ်တွေ ရပါတယ်ရှင့်။

မေး - ပြိုင်ပွဲမ၀င်ခင် ညီမအနေနဲ့ ဘာတွေပြင်ဆင်ခဲ့ရပါသလဲ။

ဖြေ - ပြိုင်ပွဲဝင်ရမယ်ဆိုတာကို ဒီလဆန်းပိုင်းမှသိရလို့ ကြိုတင်ပြင်ဆင်ချိန် ၂၅ ရက်ပဲရပါတယ်။ ညီမက ဒီဇိုင်နာလုပ်ရတာ ၀ါသနာပါတော့ တချို့ဝတ်စုံကို ကိုယ့်ဖာသာ ဆန်းသစ်တီထွင်ပြီး ကိုယ့်ဖာသာ ချုပ်ပါတယ်။ နေရှင်နယ်လ်အမျိုးသားဝတ်စုံ၊ အလှဝတ်စုံ၊ ရိုးရာယဉ်ကျေးမှုဝတ်စုံ စုစုပေါင်း ၁၂ စုံ ချုပ်တယ်။ လိုအပ်တာတွေကို ငှားတန်ငှားရပါတယ်။ လေယာဉ်လက်မှတ်၊ ခရီးစဉ်ကိစ္စ ကိုယ့်ဖာသာကိုယ်စီစဉ်ရတယ်။ ခရီးစရိတ်တွေကိုတော့ ပွဲကော်မတီက ပြန်ပေးပါတယ်။ အချိန်နည်းလို့ လေ့ကျင့်ချိန်သိပ်မရပါဘူးရှင့်။

မေး - ဒီခရီးစဉ်မှာ ဘယ်လိုအတွေ့အကြုံကောင်းတွေရခဲ့ပါသလဲ။

ဖြေ - အတွေ့အကြုံကတော့ အများကြီးပါ။ သွားတာနဲ့ ချန်ဒူးမြို့နယ်ထဲက အထင်ကရနေ ရာ အားလုံးစုံအောင် လေ့လာရတယ်။  အခမ်းအနားအဆင်အပြင်တွေ၊ စီစဉ်တာတွေ တကယ်ခေတ်မီခမ်းနားတယ်။ နိုင်ငံတကာအလှမယ်တွေနဲ့ တချိန်လုံး အတူသွား၊ အတူလာ၊ အတူလေ့ကျင့်ရတော့ တယောက်နဲ့တယောက် ညီအမတွေလို ရင်းနှီးပြီး မိတ်သစ်ဆွေသစ်တွေလည်း အများကြီးရပါတယ်ရှင့်။

မေး - ညီမအနေနဲ့ နိုင်ငံတကာပြိုင်ပွဲမှာ ဘယ်လိုဆုတွေ ရခဲ့ဖူးသလဲ။

ဖြေ - မနှစ်ကလည်း တရုတ်ပြည် နန်ကျင်းမြို့ Miss All Nation ပြိုင်ပွဲကနေ Miss Eco Tourism ဆုနဲ့ Miss Miao Yu ဆု ၂ ခုရပြီး ဒီနှစ် Miss Congeniality Award  ဆုနဲ့ပါဆိုရင် အားလုံး ၃ ခုရပြီးပါပြီရှင့်။

မေး - ညီမရဲ့ဘ၀ရည်မှန်းချက်က ဘာလဲ။

ဖြေ - အောင်မြင်တဲ့ ဒီဇိုင်နာတယောက်ဖြစ်ဖို့ပါ။ အခုလည်း ဒီဇိုင်နာသင်တန်းတွေ တက်နေ ပါတယ်။

မေး - ပရဟိတ လူမှုကူညီရေးလုပ်ငန်းတွေရော ဘာတွေလုပ်ဖြစ်လဲ။ 

ဖြေ - ညီမက Shan State Health Ambassador ဆိုတော့ ပြည်သူ့ကျန်းမာရေးအတွက် ကျေးလက်တောရွာတွေ ကွင်းဆင်းပြီး ပညာပေးရပါတယ်။ သူတို့လိုအပ်ချက်တွေကို တင်ပြပေးရပါတယ်။

မေး - ဆုရလာတဲ့အတွက် ဘယ်သူတွေကို ကျေးဇူးတင်လိုပါသလဲ။

ဖြေ - အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်တဲ့ ပွဲကော်မတီ၊ စီစဉ်သူတွေရော၊ အ၀တ်အစား အဆင်အပြင်နဲ့ မိတ်ကပ်ပိုင်းမှာ ပံ့ပိုးကူညီသူအားလုံးကိုရော၊ အထူးသဖြင့် ညီမကို ပြိုင်ပွဲဝင်ခွင့်ပြုခဲ့၊ ခရီးသွားခွင့်ပြုခဲ့တဲ့ ကျေးဇူးရှင် ဖေဖေနဲ့ မေမေ၊  ညီမပြိုင်ပွဲဝင်ချိန် ဆုရအောင်ဝိုင်းပြီး အားပေးခဲ့သူတွေအားလုံး၊ မဲထည့်ဝင်ပေးသူအားလုံး၊ ပြည်တွင်းပြည်ပ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013