DVB Logo
Home
မြန်မာသတင်း
ရွှေရောင်ကျွဲချိုဖြင့် ဆန်းပြားစွာ ဖန်တီးထားသည်ဝတ်စုံနှင့် အလှမယ် မြင့်မိုရ်မေ (ဓာတ်ပုံ)
DVB
·
September 13, 2018
ရွှေရောင်ကျွဲချိုဖြင့် ဆန်းပြားစွာ ဖန်တီးထားသည်ဝတ်စုံနှင့် အလှမယ် မြင့်မိုရ်မေ (ဓာတ်ပုံ)
1 / 3
Donate to DVB

Face of Beauty Myanmar 2018 အလှမယ် မြင့်မိုရ်မေဟာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီး သူ့ရဲ့ ဆန်းဆန်းပြားပြား ချုပ်လုပ်ထားတဲ့ အမျိုးသားဝတ်စုံဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။

ဒီဝတ်စုံရဲ့ အမည်ကိုတော့ ဖားစည်မြေမှ ရွှေဧကရီလို့ နာမည်ပေးထားပြီး ဝတ်စုံဒီဇိုင်း ဖန်တီးရှင်ကတော့ ပြည့်စုံ (ဘားအံ) လို့ ဖော်ပြထားပါတယ်။

မြင့်မိုရ်မေဟာ Miss Universe Myanmar အလှမယ်ပြိုင်ပွဲကို ကရင်ပြည်နယ် ကိုယ်စားပြုအနေနဲ့ ရွေးချယ်ခံခဲ့ရပြီးနောက်မှာ Face of Beauty Myanmar 2018 အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

Miss Universe Myanmar ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက်နှာပေါ်မှာတော့ ဒီဝတ်စုံဝတ်ဆင်ထားတဲ့ အလှမယ် မြင့်မိုရ်မေရဲ့ ပုံတွေကို ဖော်ပြထားခဲ့တာပါ။

ဝတ်စုံဖန်တီးမှုမှာတော့ ဦးခေါင်းမှာ ဆင်မြန်းထားတဲ့ ရွှေရောင်ကျွဲချိုဟာ ကရင်လူမျိုးတွေရဲ့ အထိမ်းအမှတ်အဖြစ် ဖန်တီးထားတာဖြစ်ပြီး အနက်ရောင်ဝတ်စုံပေါ်က ရွှေရောင်ပန်းကနုတ်တွေကတော့ မြန်မာအမျိုးသမီးတယောက်ရဲ့ အားမန်နဲ့ ယုံကြည်မှုကို ဖော်ပြစေနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်ဘက်လက်မှာ ရွှေရောင်မင်္ဂလာဖားစည်နဲ့ ညာဘက်လက်က မင်္ဂလာရွှေမောင်းကို ကိုင်ဆောင်ထားဟန်နဲ့ သူ့ရဲ့ ဝတ်စုံအလှကို ပံ့ပိုးပေးထားပါသေးတယ်။

ဝတ်စုံနဲ့ပတ်သက်တဲ့ အညွှန်းမှာတော့ “ဖားစည်မြေမှ ရွှေဧကရီ" ဝတ်စုံကို ကြည့်ခြင်းအားဖြင့် ကရင်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် မြန်မာအမျိုးသမီးများ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံ အလှသာမက စွမ်းဆောင်နိုင်စွမ်းရှိသော စိတ်ဓာတ်အားမာန်များကို ဖော်ကျူးကာ ဂုဏ်ယူစွာဖြင့် ဖန်တီးချုပ်လုပ်ထားပါသည်” လို့ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

Face of Beauty International အလှမယ်ပြိုင်ပွဲကိုတော့ စက်တင်ဘာ ၇ ရက်နေ့က စတင်ကျင်းပနေတာဖြစ်ကာ လာမယ့် ၁၇ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Miss Universe Myanmar

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013