
အမစ်ဘာတီယာ ဦးဆောင်တဲ့ ဘီလျံနာ သူဌေးများအဖွဲ့ဟာ လီဗာပူးအသင်းရဲ့ ရှယ်ယာ ၃၈ ရာခိုင်နှုန်းကို ဝယ်ယူဖို့ ဆွေးနွေးမှုတွေ အဆင်ပြေနေပြီး လာမဲ့ ဒီဇင်ဘာလ သတ်မှတ်ရက်အမီ ပြီးစီးတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
လီဗာပူးအသင်းပိုင်ရှင်အဖွဲ့ (FSG) ကတော့ အသင်းရဲ့ ရှယ်ယာတချို့ ရောင်းချပေမဲ့ အသင်းအပေါ် အပြည့်အဝ အာရုံစိုက်ထားဆဲဖြစ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူ ထရေး နီယွန်နီ ကိုလည်း စာချုပ်သစ် ချုပ်ဆိုဖို့ အသင်းဘက်က ကမ်းလှမ်းထားပါတယ်။
ဒဏ်ရာ ရရှိထားတဲ့ ဂျရယ်မီး ဖရင်းပေါင် ကတော့ ကြံ့ခိုင်မှု ပြန်လည်ရရှိနေပြီ ဖြစ်ပေမဲ့ နိုင်ငံတကာ ပွဲစဉ် သီတင်းပတ်ပြီးမှသာ ပြန်လည်ပါဝင်လာဖို့ ရှိပါတယ်။
Photo:Reuters











