DVB Logo
Home
မြန်မာသတင်း
လူကာကူကို ပေါင် ၅၄ သန်းဖြင့် အင်တာ ကမ်းလှမ်း၊ မန်ယူအသင်း ပယ်ချ
DVB
·
July 21, 2019
လူကာကူကို ပေါင် ၅၄ သန်းဖြင့် အင်တာ ကမ်းလှမ်း၊ မန်ယူအသင်း ပယ်ချ
Donate to DVB

အင်တာမီလန်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး လူကာကူကို ပေါင် ၅၄ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူအတွက် ယူနိုက်တက်ဘက်က ပေါင်သန်း ၉၀ လောက်ရမှသာ ထွက်ခွာခွင့်ပေးမယ့် အခြေအနေမှာရှိနေပါတယ်။

အင်တာမီလန်နည်းပြသစ် ကွန်တီဟာ ချဲလ်ဆီးအသင်းမှာတုန်းက နှစ်ရာသီလောက် လက်တွဲခဲ့ဖူးပြီး လူကာကူဟာ သူ့အကြိုက် ကစားသမားဖြစ်တယ်လို့ တရားဝင် ပြောကြားထားပါတယ်။

လူကာကူဟာ အင်တာမီလန်အသင်းကို မြှင့်တင်နိုင်မယ့်ကစားသမားတဦးဖြစ်လို့ သူ့အနေနဲ့ သဘောကျတာကြောင့် ခေါ်ယူချင်သလို ကလပ်အသင်း အတွက်လည်းအကျိုးရှိမယ်လို့ ကွန်တီကဆိုပါတယ်။

လက်ရှိအခြေအနေအရ အင်တာနာမည်ကြီးတိုက်စစ်မှူး အီကာဒီဟာ အသင်းရဲ့ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပါဝင်လာခြင်းမရှိတာကြောင့် အသင်းရဲ့ စီမံကိန်းမှာ လုံးဝမပါနိုင်တော့ဘူးလို့ ကွန်တီက အတည်ပြုပြောကြားထားပါတယ်။

အီကာဒီနေရာမှာ အစားထိုးဖို့ လူကာကူကို အသည်းအသန်ကြိုးပမ်းနေမယ့် မန်ချက်စတာ ယူနိုက်တက်ဘက်ကလည်း ရောင်းထုတ်လိုတဲ့ သဘောမှာ ရှိမနေဘူးလို့ သိရပါတယ်။

လူကာကူဟာ ဒူးဒဏ်ရာကြောင့် ပွဲတချို့နဲ့လွဲချော်ခဲ့သလို ရက်သတ္တပတ်တခုလောက် အနားယူခဲ့ရပေမယ့် လက်ရှိလေ့ကျင့်ရေး အစီအစဉ်တွေမှာ ပြန်လည်ပါဝင်နေတယ်လို့ သိရပါတယ်။

လူကာကူမပါပဲနဲ့ အသင်းဟာ အခြေအနေတခုထိ စွမ်းဆောင်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ ကစားသမားဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတဦးဖြစ်နေဆဲပဲလို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013