
၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာကို မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ဒီမနက် ကျင်းပရာမှာ နိုင်ငံရေးပါတီတွေ၊ ဌာနဆိုင်ရာတွေ၊ ကျောင်းသားကျောင်းသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ပြည်သူတွေ လာရောက် ဂါရဝပြုခဲ့ကြပါတယ်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာလည်း ဗိုလ်ချုပ်ကြေးရုပ်တုမှာ အာဇာနည်နေ့ အခမ်းအနား ကျင်းပသွားပါတယ်။
အခမ်းအနားမှာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုတပ်ဖွဲ့နဲ့အတူ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပြည်သူတွေက လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြပါတယ်။
သတင်း- ဓာတ်ပုံ - ယူမင်းစိုး/ လတ်ကိုကို










