Home
မြန်မာသတင်း
ဗစ်​တိုးရီးယားအမှု တရားမျှတမှုရရေး မြင်းခြံတွ​င် ဆန္ဒပြ
DVB
·
July 13, 2019
66826544_1590305281106453_1935049918385225728_n
66498320_1590305001106481_7579217839656009728_n
66496061_1590304684439846_358130754145746944_n
66493680_1590304947773153_4320574977645477888_n
66474711_1590305141106467_165357318932791296_n
66442153_1590304751106506_2731297238285287424_n
66436247_1590305094439805_4323898006727294976_n
66430616_1590305347773113_1478135277208731648_n
66422861_1590304841106497_9196063015584137216_n
64577341_1590304797773168_3216196795440824320_n
နေပြည်​​တော်​ wisdom hill မူကြို​ကျောင်းမှ ကျောင်းသူက​လေးငယ်​ ဗစ်​တိုးရီးယား မဖွယ်မရာပြုကျင့်ခံရမှု အမှုမှန်​​ပေါ်​ပေါက်​​ရေးနဲ့ တရားမျှတမှုရရှိ​ရေးအတွက် ​မန္တ​လေးတိုင်း​ မြင်းခြံမြို့ ဗိုလ်​ချုပ်​​ကြေးရုပ်​ရင်​ပြင်​​ပေါ်မှာ​ ဇူလှိုင်​ ၁၂ ရက်​ ည​နေ ၅ နာရီအချိန်​က ​ ဆန္ဒပြ​ခဲ့ကြပါတယ်။ ဆန္ဒပြ​တောင်းဆိုပွဲမှာ လူအင်​အား ၅၀ေ​​လောက်​ပါဝင်​ပြီး၊ မြင်းခြံခရိုင်​ ဗကသများအဖွဲချုပ်​ မှ ​ကျောင်းသားတွေက ဦး​ဆောင်​ပြုလုပ်​ခဲ့တာဖြစ်​ပါတယ်​။  သက်​ငယ်​မုဒိန်းမှုပ​ပျောက်​​ရေး၊ ဗစ်တိုးရီးယားအမှု တရားမျှတမှုရရှိ​ရေး  တရားဥပ​ဒေစိုးမိုး​ရေး၊ မတရားဖမ်းဆီးခံ ​ကျောင်းသားပြည်​သူတွေ လွတ်​​မြောက်​​ရေး စတဲ့ စာတန်းပါ ဗီနိုင်းတွေ ကိုင်​​ဆောင်ဆန္ဒပြခဲ့ကြပါတယ်။ နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ မေ ၁၇ ရက်နေ့ အသက် ၃ နှစ်အရွယ် ဗစ်တိုးရီးယား မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ရီရီထွန်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024