DVB Logo
Home
မြန်မာသတင်း
ဗစ်တိုးရီးယားအမှုအတွက် ရဲအရာရှိ ၃ ဦးကို တရားစွဲမည်
DVB
·
March 17, 2020
ဗစ်တိုးရီးယားအမှုအတွက် ရဲအရာရှိ ၃ ဦးကို တရားစွဲမည်
Donate to DVB

ဗစ်တိုးရီးယားအမှုမှာ နာမည်ရင်းနဲ့ မိသားစုအချက်အလက် ထုတ်ဖော်ခဲ့တဲ့အတွက် ရဲအရာရှိ သုံးဦးနဲ့ ရဲဇာနည်အကောင့်ကို တရားစွဲဆိုသွားမယ်လို့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းက ပြောပါတယ်။

နေပြည်တော်ရှိ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း ရုံးခန်းမှာ မတ် ၁၆ ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းက ရှေ့နေ ဦးသိန်းသန်းဦးက “ပထမဦးဆုံး ၆၆(ဃ)နဲ့ စစွဲပါ့မယ်။ အဲဒီတော့ ၆၆(ဃ) မှာ ကျနော်တို့ ရည်စူးထားတာကတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ ရဲအရာရှိ ၃ ယောက်နဲ့ ရဲဇာနည်ပေ့ချ်မှာ တင်ခဲ့တဲ့ သူတွေကို စွဲပါမယ်”လို့ ပြောပါတယ်။

Wisdom Hill ကျောင်းမှာ ကျောင်းတက်နေတဲ့ ဗစ်တိုးရီးယားလေးဟာ ၂၀၁၉ မေလအတွင်းက လိင်အကြမ်းဖက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဗစ်တိုးရီးယားလေး လိင်အကြမ်းဖက်ခံရတာနဲ့ ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ အောင်ကြီးကို ဒီဇင်ဘာ ၁၈ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပြီး နောက်တနေ့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတချို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ဗစ်တိုးရီးယားလေးရဲ့ နာမည်နဲ့ မူရင်းအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့သလို မိသားစုအချက်အလက်တွေကိုလည်း ရဲဇာနည်ပေ့ချ်ကနေ တင်ခဲ့တာပါ။

ဒီအမှုကို အများပြည်သူက စိတ်ဝင်စားနေပြီး အမှုမှန်ကိုတော့ ရဲအရာရှိကြီးတွေနဲ့ အမှုနဲ့ ဆက်စပ်သူတွေက ဖုံးကွယ်ထားတယ်ဆိုတဲ့ ပြောဆိုမှုတွေရှိနေပြီး အမှုမှန်အတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ဆိုတဲ့ ဆန္ဒထုတ်ဖော်မှုတွေကိုလည်း ပြုလုပ်နေပေမယ့် လက်ရှိအချိန်အထိတော့ အမှုမှန်မပေါ်ပေါက်သေးတာ တွေ့ရပါတယ်။

အမှုမှာ တာဝန်မကျေတဲ့၊ ဉပဒေနဲ့အညီ မဆောင်ရွက်ခဲ့တဲ့  တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ဖို့လည်း သမ္မတက ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013