DVB Logo
Home
မြန်မာသတင်း
ခွင့်ပြုချက်မရှိဘဲ Wisdom Hill ကျောင်းဖွင့်လှစ်မှု ဖော်ထုတ်အရေးယူမည်
DVB
·
July 6, 2019
ခွင့်ပြုချက်မရှိဘဲ Wisdom Hill ကျောင်းဖွင့်လှစ်မှု ဖော်ထုတ်အရေးယူမည်
Donate to DVB

ခွင့်ပြုချက်မရှိဘဲ  နေပြည်တော်မှာ wisdom hill မူကြိုကျောင်း ဖွင့်လှစ်နေမှုကို မသိချင်ယောင်ဆောင်ထားတဲ့  လူမှုဝန်ထမ်းဦးစီးဌာနမှ အရာရှိတွေအား ဖော်ထုတ်အရေးယူမယ်လို့ နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဇူလိုင် ၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ သပြေကုန်းရပ်ကွက်က Wisdom Hill ပုဂ္ဂလိက မူကြိုကျာင်းမှာ မိန်းကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရပြီးနောက် မူကြိုကျာင်းဖွင့်လှစ်ခွင့် တရားဝင်ခွင့်ပြုမိန့် မကျသေးတဲ့အတွက်  ယာယီပိတ်ထားဖို့ လူမှုဝန်ထမ်းဦးစီးဌာနက ညွန်ကြားခဲ့ပါတယ်။

wisdom hill က ဖွင့်လှစ်ထားတဲ့ အခြား အထက်တန်း/အလယ်တတန်း/မူလတန်း ပုဂ္ဂလိကကျောင်းတွေကိုလည်း စစ်ဆေးခိုင်းထားပြီး စည်းမျဉ်းစည်းကမ်းနှင့်မညီတာ တွေ့တယ်ဆိုရင်  အရေးယူမယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ မေ ၁၇ ရက်နေ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တဦး မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားတဲ့အကြောင်း ဒက္ခိဏခရိုင် တရားရုံး၊ ဒုတိယတရားသူကြီး ဦးညိုဌေးက အတည်ပြု ပြောကြားထားပါတယ်။

လက်ရှိမှာတော့ အောင်ကျော်မျိုး (ခ) အောင်ကြီးကို နေပြည်တော် အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး ချုပ်ရက်ရမန်ယူထားပာ ဇူလိုင် ၁၅ရက်နေ့ကို ရုံးချိန်း ချိန်းဆိုထားပါတယ်။

ဗစ်တိုးရီးယားအမှုလို့ ရည်ညွှန်းပြောဆိုနေကြတဲ့ ဒီအမှုဟာ အများပြည်သူတွေ အကြားမှာ စိတ်ဝင်စားမှုနဲ့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013