DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းအတွင်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် မူကြိုကျောင်းများကို ပိတ်သိမ်းမည် 
DVB
·
July 12, 2019
ပဲခူးတိုင်းအတွင်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် မူကြိုကျောင်းများကို ပိတ်သိမ်းမည် 
Donate to DVB

ပဲခူးတိုင်းဒေသကြီးအတွင်း မူကြိုကျောင်းတွေကို သက်ဆိုင်ရာက လိုက်လံစစ်ဆေးနေပြီး ခွင့်ပြုမိန့်မရှိဘဲ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းတွေကို ပိတ်သိမ်းသွားဖို့ လုပ်ဆောင်နေပါတယ်။ 

ပဲခူးတိုင်းမှာ ပုဂ္ဂလိကမူကြိုကျောင်းပေါင်းများစွာ ဖွင့်လှစ်ထားပေမယ့် တရားဝင်  ခွင့်ပြုချက် ရရှိထားတဲ့ကျောင်းက ၁၄ ကျောင်းပဲ ရှိပါတယ်။

မူကြိုကျောင်းဖွင့်ဖို့ ခွင့်ပြုမိန့်ကို လူမှုဝန်ထမ်းဦးစီးဌာနမှာ လျှောက်ထားရတာဖြစ်ပြီး ခွင့်ပြုမိန့်မတင်တဲ့ကျောင်းတွေကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ နောက်ဆုံးထားပြီး ခွင့်ပြုမိန့် တင်ကြဖို့ ဌာနက စာထုတ်အကြောင်းကြားထားခဲ့ပါတယ်။

ဒါပေမဲ့ လျှောက်လွှာ လာမတင်တဲ့ကျောင်းတွေရှိနေတဲ့အကြောင်းနဲ့  လက်ရှိ လျှောက်လွှာတင်ထားဆဲကျောင်းတွေကတော့ ပဲခူးမြို့မှာ ၁ကျောင်းနဲ့ ပြည်ခရိုင်မှာ ၄ ကျောင်းသာ  ရှိတယ်လို့ ပဲခူးတိုင်းလူမှုဖူလုံရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး နော်ဖွယ်စေးက ပြောပါတယ်။

တောင်ငူခရိုင်ကဆိုရင် မူကြိုကျောင်းဖွင့်ဖို့ လျှောက်လွှာလာယူသွားတာရှိပေမယ့် ဒီနေ့ အထိ လျှောက်လွှာတွေကို လာတင်တာမရှိသေးဘူးလို့လည်း ဆိုပါတယ်။

လူမှုဖူလုံရေးဦးစီးဌာနအနေနဲ့ မူကြိုကျောင်း တကျောင်းကို ခွင့်ပြုမယ်ဆိုရင် ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်၊ ထားရှိမယ့် ကလေးအရေအတွက်၊ တာဝန်ခံကျောင်းအုပ်နဲ့ ဆရာမတွေဟာ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းတက်ဖူးသူဖြစ်ရမယ် စတဲ့ အချက်တွေအပါအ၀င် အချက် ၁၀ ချက်နဲ့ ကိုက်ညီမှ ခွင့်ပြုမိန့်ပေးမှာဖြစ်ပါတယ်။

တကယ်လို့ ခွင့်ပြုမိန့် မရှိဘဲ ကျောင်းဖွင့်ခဲ့ရင်တော့ ထောင်ဒဏ် ၆ လ ဒါမှမဟုတ် ငွေဒဏ်နဲ့ ဒါမှမဟုတ်ဒဏ် ၂ ရပ်လုံးကို ချမှတ်နိုင်တယ်လို့ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်က ပြောပါတယ်။

အခြေခံပညာ စာသင်ကျောင်းတချို့မှာလည်း ကျောင်းအခြေပြု မူကြိုကျောင်းတွေ ဖွင့်လှစ်ထားတာတွေရှိပါတယ်။ အဲဒီကျောင်းတွေကလည်း စာသင်ကျောင်းထဲမှာရှိတယ်ဆိုပေမယ့် ခွင့်ပြုမိန့်ကိုတော့ လူမှုဝန်ထမ်းဌာနကသာ ခွင့်ပြုပေးရတာပါ။

ပဲခူးမြို့မှာ ရပ်ကွက်တိုင်းလိုလို မူကြိုကျောင်းတွေရှိနေတာကြောင့် အဲဒီကျောင်းတွေဟာ တရားဝင်အသိအမှတ်ပြုကျောင်းဖြစ်ဖို့လိုသလို နေပြည်တော်က Wisdom Hil မူကြိုကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသူလေး ဗစ်တိုးရီးယားအမှုကိစ္စလိုမျိုး မဖြစ်ရအောင် ကျောင်း တည်ထောင်သူတွေက တာဝန်ယူတာဝန်ခံမှုရှိဖို့လိုတယ်လို့ ကျောင်းသား မိဘတွေက ပြောပါတယ်။

သတင်း - အောင်စိုးမိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013