DVB Logo
Home
မြန်မာသတင်း
တောင်နဝင်းဆည် ဘေးကင်းလုံခြုံရေး မိုးရာသီမတိုင်ခင် အပြီးဆောင်ရွက်မည်ဟု ဒုဝန်ကြီးပြော
DVB
·
February 23, 2019
တောင်နဝင်းဆည် ဘေးကင်းလုံခြုံရေး မိုးရာသီမတိုင်ခင် အပြီးဆောင်ရွက်မည်ဟု ဒုဝန်ကြီးပြော
Donate to DVB

အက်ကြောင်းတွေ ဖြစ်ပေါ်လာတဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်နေတဲ့ တောင်န၀င်းရေလှောင်တမံကို ကြံ့ခိုင်မှုနဲ့ ဘေးကင်းလုံခြုံစေရေးအတွက် ကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးမှုတွေလုပ် ဆောင်နေပြီး မိုးရာသီမတိုင်မီ အပြီးလုပ်ဆောင်မယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပေါက်ခေါင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မေးမြန်းတဲ့ တောင်န၀င်းရေလှောင်တမံ လုံခြုံစိတ်ချမှုရှိစေရေး စီမံဆောင်ရွက်ထားမှု အခြေအနေ သိရှိလိုတဲ့ မွေးခွန်းအပေါ် ဒုဝန်ကြီးက အခုလို ထည့်သွင်းပြောဆိုလိုက်တာပါ။

“ဒေသနေပြည်သူများ စိုးရိမ်ပူပန်မှုများ လျော့ပါးသွားစေမှုမှသည် ပူပင်သောကများ ကွယ်ပျောက်ပြီး မိမိတို့၏ဘ၀၊ အသက်အိုးအိမ်စည်းစိမ်များ၊ စိတ်ချလုံခြုံစေမယ့် အခြေအနေများ ဖြစ်ပေါ်လာနိုင်မည့် အနေအထားအထိ အထူးအလေးထား စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။"

လက်ရှိအချိန်မှာတော့ ရေလှောင်တမံ ရေရှည်ကြံ့ခိုင်မှုနဲ့ ဘေးကင်းလုံခြုံရေးအတွက် ပြည်တွင်းပညာရှင်တွေနဲ့အတူ ဂျပန်နိုင်ငံ Sanyu အတိုင်ပင်ခံအဖွဲ့မှ ဘူမိဗေဒ ပညာရှင်တဦး ကွင်းဆင်းပြီး တမံအခြေအနေကို အချိန်ပြည့် စောင့်ကြည့်စစ်ဆေးနေတယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။

မေးခွန်းရှင်ကတော့ လဆန်းပိုင်းလောက်က အက်ကွဲကြောင်းများ ထွက်ပေါ်ခဲ့တဲ့ တောင်နဝင်း ရေလှောင်တမံဟာ မိုးရာသီရေလှောင်ကာလအတွင်း ဆည်ကျိုးပေါက်မှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် တောင်နဝင်းရေလှောင်တမံကိစ္စဟာ အများပြည်သူနဲ့သက်ဆိုင်ပြီး ပြည်သူတွေသိရှိလိုတဲ့ ကိစ္စဖြစ်တာကြောင့် မေးမြန်းဖြေဆိုမှုအားလုံးကို နိုင်ငံတော်ပြန်တမ်းမှာ ထည့်သွင်းသွားမှာဖြစ်တဲ့အပြင် အများပြည်သူသိရှိနိုင်ဖို့အတွက် နိုင်ငံပိုင် သတင်းစာတွေကလည်း ဖော်ပြသွားမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။

အောင်ဆန်းဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013