DVB Logo
Home
မြန်မာသတင်း
Water Bus ခရီးစဉ်ကို ပုဇွန်တောင်ချောင်းအတွင်း တိုးချဲ့ပြေးဆွဲမည်
DVB
·
July 5, 2019
Water Bus ခရီးစဉ်ကို ပုဇွန်တောင်ချောင်းအတွင်း တိုးချဲ့ပြေးဆွဲမည်
Donate to DVB

ရန်ကုန်မြစ်အတွင်း ပြေးဆွဲနေတဲ့ Water Bus ကို ပုဇွန်တောင်ချောင်းထဲမှာ တိုးချဲ့ ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ မြန်မာဆိပ်ကမ်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။

ပုဇွန်တောင်ဈေးနဲ့ ကြက်ဘဲဈေးကို ချိတ်ဆက်ဖို့ ရည်ရွယ်ပြီး ပုဇွန်တောင်ချောင်းထဲမှာ WaterBus ပြေးဆွဲဖို့ စီစဉ်နေတာဖြစ်ပြီး လက်ရှိအချိန်မှာ ဆိပ်ခံတံတား ဆောက်လုပ်နိုင်မယ့် နေရာတွေကို ကွင်းဆင်းစစ်ဆေးနေတယ်လို့ မြန်မာဆိပ်ကမ်းအာဏာပိုင်အဖွဲ့ လက်ထောက် အထွေထွေမန်နေဂျာ ဦးဘိုစိုးကပြောပါတယ်။

ဒါ့အပြင် မီးရထား၊ ကားနဲ့ Water busကို ချိတ်ဆက်ဆောင်ရွက်နိုင်အောင် စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

လှိုင်သာယာမြို့နယ်ဘက်အခြမ်းမှာလည်း Water Busပြေးဆွဲဖို့ စီစဉ်ခဲ့ပေမယ့် ကျူးကျော် ပြဿနာတွေနဲ့ တခြားအခက်အခဲတွေကြောင့် Water Bus ဂိတ်ထားဖို့ အခက်အခဲဖြစ်နေတဲ့ အတွက်ဆိပ်ကြီးခနောင်တိုမြို့နယ်နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။

ဆိပ်ကြီးခနောင်တိုကနေ လှိုင်သာယာကိုသွားတဲ့ ကြာချိန်ဟာမိနစ်၃၀ပဲကြာတဲ့ အတွက် ပုံမှန်ကမ်းနားလမ်းက သွားတာထက်ပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။

အခုပြေးဆွဲဖို့ စီစဉ်နေတဲ့ပုဇွန်တောင်ချောင်းဟာ ပဲခူးမြစ်ကနေစပြီး ပုဇွန်တောင်၊ ဒေါပုံ၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ မြောက်ဥက္ကလာပ စတဲ့မြို့နယ်တွေကို ဖြတ်သန်းပြီး လှည်းကူးမြို့နယ်ထဲက ငမိုးရိပ်ဆည်နဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013