DVB Logo
Home
မြန်မာသတင်း
မိုးတွင်းကာလ ခရီးသည်များ ဘေးကင်းလုံခြုံရေး Water Bus သင်္ဘော ၃ စီး အစားထိုးပြေးဆွဲ
DVB
·
June 7, 2018
မိုးတွင်းကာလ ခရီးသည်များ ဘေးကင်းလုံခြုံရေး Water Bus သင်္ဘော ၃ စီး အစားထိုးပြေးဆွဲ
Donate to DVB

မိုးတွင်းကာလအတွင်း Water Bus စီးနင်းတဲ့ ခရီးသည်တွေ ဘေးကင်းလုံခြုံဖို့အတွက် ပြည်ပက မှာယူထားတဲ့ သဘောင်္သုံးစီးနဲ့ အစားထိုး ပြေးဆွဲနေတယ်လို့ Water Bus တာဝန်ခံက ပြောပါတယ်။

ခရီးသည်တွေ ဘေးကင်းလုံခြုံစေဖို့ ရည်ရွယ်ပြီး အခုလို ပြေးဆွဲပေးတာဖြစ်ပြီး မူလကပြေးဆွဲနေတဲ့ ပြည်တွင်းက သဘောင်္တွေကို အစီးရေ လျှော့ကာ ကြံ့ခိုင်မှုရှိတဲ့ ပြည်ပက မှာယူထားတဲ့ သဘောင်္သုံးစီးနဲ့ အစားထိုးပြေးဆွဲပေးနေတယ်လို့ Water Bus တာဝန်ခံက ပြောပါတယ်။

ရန်ကုန်ကနေ ရေလယ်ကျောက်တန်း ခရီးစဉ်မှာလည်း ခရီးသည်တွေကို အသက်ကယ်အင်္ကျီဝတ်ဆင်နည်းစနစ် လက်တွေ့ပြနေတယ်လို့လည်း ဆိုပါတယ်။

Water Bus ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလက စတင်ပြေးဆွဲခဲ့တာပါ။ လက်ရှိ မိုးရာသီကာလကို ဖြတ်သန်းတာ ပထမဦးဆုံးအတွေ့ကြုံလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Water Bus ၁၀ စီးနဲ့ အင်းစိန်ကနေ ဗိုလ်တထောင်၊ စနေ၊ တနင်္ဂနွေနေ့တွေမှာဆိုရင် ရေလယ်ကျောက်တန်း ခရီးစဉ်တွေ ပြေးဆွဲပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013