
ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ ယူအီးအက်ဖ်အေ စူပါဖလားပွဲမှာ အက်စတွန်ဗီလာ ကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး ဖလားဆွတ်ခူးသွားပါတယ်။
ဒါပေမဲ့ အက်စတွန်ဗီလာအသင်းကတော့ ဒီပွဲကနေ ရာသီကြိုဖလားထက် ပိုပြီး တန်ဖိုးရှိတဲ့ အရာတခုကို ရရှိခဲ့ပါတယ်။ အဲဒါကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့်တွေရဲ့ ခြေစွမ်းကြောင့် အနာဂတ်အတွက် မျှော်လင့်ချက်ကောင်းတွေ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အထူးသဖြင့် ဗီလာရဲ့ ၁၇ နှစ်အရွယ် လူငယ်ကစားသမား ဘရိုင်ယန် မာဂျိုဟာ ပီအက်စ်ဂျီ နောက်ခံလူတွေကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါတယ်။ နည်းပြ လူးဝစ်အန်းနရစ်ရဲ့ ပီအက်စ်ဂျီ ခံစစ်ကို မာဂျိုက အခက်တွေ့အောင် ကစားပြခဲ့တာပါ။
ဗီလာရဲ့လူငယ်ကစားသမား ၂ ယောက် ခြေစွမ်းပြခဲ့တာကြောင့် အသင်းရဲ့ အနာဂတ်ဟာ တောက်ပ နေတယ်လို့ သုံးသပ်ကြပါတယ်။
Photo: Reuters











