DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် ဖော်မလင်ပါ ပဲသွေးရောင်းချသူများကို ခံဝန်ထိုးခိုင်းမည်
DVB
·
June 22, 2019
ပဲခူးတိုင်းတွင် ဖော်မလင်ပါ ပဲသွေးရောင်းချသူများကို ခံဝန်ထိုးခိုင်းမည်
Donate to DVB

ပဲခူးတိုင်းမှာ ဖော်မလင်ပါတဲ့ ပဲသွေးတွေ ရောင်းချနေတာကို နောက်ဆုံးအကြိမ်အနေနဲ့ ခံဝန်ထိုးခိုင်းမယ်လို့ အက်ဖ်ဒီအေ တာဝန်ရှိသူတဦးက ပြောပါတယ်။

အက်ဖ်ဒီအေ ကနေပြီး ပဲခူးတိုင်းအတွင်း ၂၈ မြို့နယ်မှာရှိတဲ့ ဈေးတွေကို မိုဘိုင်းရွေ့လျားဓာတ်ခွဲရုံတွေ အသုံးပြုပြီး အစားအသောက်တွေမှာ တာရှည်ခံ ဓာတုဆေးဝါးတွေ သုံးထားတာ ရှိမရှိ နဲ့ ဆိုးဆေးတွေ သုံးထားတာ ရှိမရှိ လိုက်လံစစ်ဆေးခဲ့ပါတယ်။

သံသယရှိတဲ့ အစားအသောက်တွေကို စစ်လိုက်တဲ့အခါ ပဲသွေးတွေမှာ ဖော်မလင် သုံးထားတာကို အကြိမ်ကြိမ် စစ်ဆေးတွေ့ရှိရပြီး ဒဏ်ငွေကြီးကြီးမားမား ချမှတ်တာ မရှိသေးတာကြောင့် ဈေးသည်တွေအနေနဲ့ လိုက်နာမှု အားနည်းနေသေးတယ်လို့ ပဲခူးတိုင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (အက်ဖ်ဒီအေ) ဒုညွှန်ကြားရေးမှူး ဒေါက်တာမြတ်မိုးကြည်က ပြောပါတယ်။

ဈေးဝယ်သူတချို့ကတော့ ပဲသွေးကို လာမေးတာတွေရှိပေမယ့် ပဲသွေးမှာ ဖော်မလင်ဆေးတွေ ပါတဲ့အတွက် ရောင်းရင် ထောင်တလ ကျမယ်ဆိုလို့  မရောင်းရဲတော့ဘူးလို့  အရင် ပဲသွေးရောင်းချဖူးသူတွေက ပြောပါတယ်။

အစားအသောက်တွေမှာ ဘေးအန္တရာယ်ကင်းရှင်းဖို့ဆိုတာ အက်ဖ်ဒီအေမှာ တာဝန်ရှိသလို ပြည်သူတွေ ကိုယ်တိုင်ကလည်း ဘေးအန္တရာယ်ကင်းတဲ့ အစားအသောက်တွေကို ရွေးခြယ်စားသောက်ဖို့ တာဝန်ရှိပါတယ်။

လက်တလော အက်ဖ်ဒီအေရဲ့ စစ်ဆေးတွေ့ရှိချက်အရ ပဲသွေးတွေမှာ ဖော်မလင် ပါနေတာနဲ့ ငရုပ်သီးတွေမှာ မှိုအဆိပ်တွေ ပါနေတယ်ဆိုတာ စစ်ဆေးတွေ့ရှိထားပြီး ခွင့်မပြု ဓာတုဆိုးဆေးတွေ သုံးစွဲမှုကတော့ အနည်းငယ်လျော့ကျသွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013