DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးဌာန ၂ ခု အပြောင်းအလဲ ပြုလုပ်
DVB
·
December 1, 2018
ပဲခူးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးဌာန ၂ ခု အပြောင်းအလဲ ပြုလုပ်
Donate to DVB

ပဲခူးတိုင်း အစိုးရအဖွဲ့က ဝန်ကြီးဌာန ၂ ခုကို အပြောင်းအလဲလုပ်တယ်လို့ နိုင်ငံတော်သမ္မတက ကြေညာပါတယ်။

စည်ပင်သာယာရေးနဲ့  လူမှုရေးဝန်ကြီးက စည်ပင်အဖွဲ့ကို အစိုးရအဖွဲ့အစည်းအဝေးမှာ ပြန်အပ်နှံခဲ့ပြီး လွှတ်တော်မှာ တင်ပြခဲ့ပေမယ့် အဲဒီတုန်းက လွှတ်တော်က လက်မခံဘဲ နောက်ပိုင်းမှ လက်ခံခဲ့တာ ဖြစ်ပါတယ်။

စည်ပင်ကဏ္ဍကို သယံဇာတ၊ သစ်တောနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှာ ပူးပေါင်းပေးဖို့အတွက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒါကို နိုဝင်ဘာ ၂၉ ရက်မှာ ကျင်းပတဲ့ ပဲခူးတိုင်းလွှတ်တော် အထူးအစည်းအဝေးမှာတော့ အတည်ပြုလက်ခံခဲ့ပါတယ်။

နိုဝင်ဘာ ၃၀ ရက်စွဲနဲ့ ထုတ်လိုက်တဲ့ သမ္မတရဲ့ အမိန့်ကြော်ငြာစာမှာ စည်ပင်သာယာရေးနဲ့  လူမှုရေးဝန်ကြီးဌာနကို လူမှုရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲပြီး သယံဇာတ၊ သစ်တောနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စည်ပင်ဝန်ကြီးဌာနအဖြစ် ပြောင်းလဲတယ်လို့ ဆိုပါတယ်။

တိုင်းနဲ့ ပြည်နယ် ဝန်ကြီးဌာနတွေရဲ့ ဖွဲ့စည်းပုံအရ သယံဇာတ၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးက သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတွေကို ကိုင်တွယ်ရပါတယ်။

စည်ပင်သာယာရေးနဲ့  လူမှုရေးဝန်ကြီးဌာနကတော့ သာသနာရေး၊ ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေး၊ စည်ပင်သာယာရေး၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး၊ ကုသရေး၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်၊ အားကစားနဲ့ ကာယပညာ၊ လူမှုဝန်ထမ်း၊ တိုင်းရင်းဆေးပညာ၊ တက္ကသိုလ်၊ ကောလိပ်နဲ့ အဆင့်မြင့်ပညာဦးစီးဌာန ဌာန ၁၂ ခုကို ကိုင်တွယ်နေရတာပါ။

စည်ပင်သာယာရေးနဲ့  လူမှုရေးဝန်ကြီးတာဝန်ယူထားတဲ့ ဒေါ်ညွန့်ညွန့်ဌေးက သူ့အတွက် နားချိန်မရဘူးဖြစ်နေပြီး ကျန်းမာရေးက ချွတ်ယွင်းလာတာကြောင့် အခုလိုတင်ပြရတာလို့ ဒီဗွီဘီရဲ့ မေးမြန်းတာကို ဖြေကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013