DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်း အစိုးရရုံးရှေ့တွင် တနေ့တည်း နှစ်ကြိမ် ဆန္ဒထုတ်ဖော်
DVB
·
June 1, 2019
ပဲခူးတိုင်း အစိုးရရုံးရှေ့တွင် တနေ့တည်း နှစ်ကြိမ် ဆန္ဒထုတ်ဖော်
Donate to DVB

ပဲခူးတိုင်းဒေသကြီး အစိုးရရုံးရှေ့မှာ မေလ ၃၁ ရက်နေ့က မနက်ပိုင်းက ဆန္ဒဖော်ထုတ်ပွဲ ၂ ကြိမ် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပထမ တခုက ပဲခူးမြို့ ပုဏ္ဏားစုရပ်ကွက်က အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာ သူတို့ ကြိုက်နှစ်သက်တဲ့သူကို ခန့်အပ်လို့ မရတဲ့အတွက် ဒေသခံ အင်အား ၂၀ လောက်က ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့ နေရာမှာ သမာသမက် မကျတဲ့အတွက် ဆန္ဒဖော်ထုတ်တာလို့ ဦးဆောင်သူ ပုဏ္ဏားစု ရပ်ကွက်က ဒေါ်အေးဝင်းက ပြောပါတယ်။

ဒုတိယ ဆန္ဒပြပွဲကတော့ လှော်ကားကျေးရွာ အုပ်စုက ကျေးရွာ ၄ ရွာက လယ်သမား ၆၀ ကျော်ရဲ့ လယ်ဧက ၃၀၀ ကျော်ကို လုပ်ငန်းရှင် ၇ ဦးလောက်က လုပ်ပိုင်ခွင့်ရယူသွားတဲ့အတွက် ဒေသခံလယ်သမား ၄၀ လောက်က ဆန္ဒပြခဲ့ကြတာပါ။

အကြိမ်ကြိမ်ဆန္ဒဖော်ထုတ်ပြီး သက်ဆိုင်ရာကို တင်ပြခဲ့ကြပေမယ့် မရတဲ့အတွက် အခု ၈ ကြိမ်မြောက် ဆန္ဒ ဖော်ထုတ်ရတာလို့ ဦးဆောင်သူ ကိုစောကျော်စွာမင်းက ဒီဗွီဘီကိုပြောပါတယ်။

“အခု နောက်ဆုံးပြတဲ့ပွဲမှာတော့ ကျနော်တို့ နေပြည်တော်အထိ မန္တလေး လမ်းဟောင်းကနေ တမြို့ဝင် တမြို့ထွက်နဲ့ ချီတက်သွားမှာပါ။ နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့ဆုံပြီး တင်ပြခွင့်ရပြီးမှ ကျနော်တို့ ပြန်လာမှာပါ။ တင်ပြခွင့် မရမချင်း ပြန်မလားဘူးလို့ ကိုစောကျော်စွာမင်းက ပြောပါတယ် ။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ နဲ့ ပဲခူးဒေသခံတွေ တွေ့ဆုံပွဲမှာ အဲဒီလှော်ကားအုပ်စုက လယ်သမားတွေကိစ္စနဲ့ ပတ်သက်ပြီး အမြန်ဆုံးဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံက့ မှာကြားခဲ့တာတွေလည်းရှိတယ်လို့  သိရပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013