အီတလီနိုင်ငံ ထရန်တီနို-အယ်လ်တွာဒီဂျီဒေသက ရီဒန်နာချိုင့်ဝှမ်းမှာ မတ် ၂၁ ရက် မွန်းတည့်ချိန် လောက်က နှင်းထုပြိုကျပြီးတဲ့နောက် နှင်းလျှောစီးသမား ၂ ယောက်ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၃ ယောက်က အခြေအနေ စိုးရိမ်ရတယ်လို့ အယ်လ်ပိုင်း ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
မီတာ ၂,၄၀၀ အမြင့်မှာ နှင်းလျှောစီးရင်း လူ ၂၅ ယောက်ကို ပိတ်မိနေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ရဟတ်ယာဉ် ၆ စင်း စေလွှတ်ပြီး ဩစတြီးယားနိုင်ငံ ဘိုလ်ဇာနို၊ မေရာနို၊ ဘရက်ဇာနိုနေနဲ့ အင်းစ်ဘရပ်ခ် ဒေသတွေက ဆေးရုံတွေကို သတိပေးထားရင်း အဓိကကယ်ဆယ်ရေးလုပ်ငန်းကို စတင်ခဲ့ပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ အခြေစိုက်စခန်းတခုကိုလည်း တည်ထောင်ခဲ့ပါတယ်။
Source: Reuters










