DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် စစ်ဘေးရှောင် ၃၀၀၀ ကျော် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ
DVB
·
June 7, 2019
မင်းပြားတွင် စစ်ဘေးရှောင် ၃၀၀၀ ကျော် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ
1 / 7
Donate to DVB

မင်းပြားမြို့နယ်မှာ တပ်မတော်နဲ့ အေအေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် ၃၀၀၀ ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မင်းပြားမြို့နယ်၊ စပါးထား၊ ဘိတ်တောင်၊ ရွှေတမာ၊ မြောင်းဘွေအနားတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် အဲ့ဒီအနီးအနား ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးလာနေကြပြီး စားနပ်ရိက္ခာတွေ လိုအပ်နေတာလို့ MCYN မင်းပြားမြို့ ပရဟိတ လူငယ်ကွန်ရက် အဖွဲ့ခေါင်းဆောင် ကိုညီညီအောင်က ဒီဗွီဘီကိုပြောပါတယ်။

“မင်းပြားမြို့ထဲမှာရော၊ ရွာတွေက ဘုန်းတော်ကြီးကျောင်းတွေမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်းစားရင်တွေအရ ဆိုရင် သုံးထောင်ကျော်လောက်ရှိမယ်။ ဘုန်းတ်ာကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ နေရာချပေးထားတယ်။ အခြေအနေက စားဝတ်နေရေးအဆင်ပြေဘူး၊ အကုန်အခက်ခဲဖြစ်နေကြတယ်။ ကယ်ဆယ်ရေးတွေကလည်း အဆင်သင့်မဖြစ်တဲ့ အခါကျတော့လေ၊ အရေးပေါ်လိုအပ်တာတွ အများကြီးပဲ။”

ဒီလို ထွက်ပြေးတိမ်းရှောင်လာတဲ့အထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အများအပြားပါဝင်နေပြီး နေရာထိုင်ခင်း၊ ဖျာတွေ၊ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်တယ်လို့ ဆိုပါတယ်။

မင်းပြားကျောင်းသစ်၊ သေကန်ကျေးရွာ၊ ဖားပျော်(ရခိုင်ရွာ) အမ်းသားကျေးရွာ၊ မြင်းတင်မကျေးရွာ၊ ပလဲပေါက်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ သံရှင်ရွာသစ်၊ နဒင်ရွာသစ်၊ နဒင်ရွာဟောင်း၊ နော်နော်ကျေးရွာတွေမှာ စစ်ဘေးရှောင်းဒုက္ခသည် ၃၀၀၀ ကျော်လောက်ရောက် ရှိလာတာပါ။

တံခွန်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူးက “အခုရွာကို တိုက်ပွဲဖြစ်လို့ပြေးလာတဲ့သူတွေရှိတယ်။ ရွာကို စစ်တပ်က ဝင်လာလို့ကြောက်ပြီး မိသားစုလိုက်ပြေးလာကြတာတွေရှိတယ်။ ရွာ ၄ ရွာက ထွက်ပြေးလာကြတာ။အားလုံးစုစုပေါင်း ကျနော်တို့ရွာကိုရောက်နေတာ ၄၇၀ ကျော်ရှိတယ်။ ကျနော်တို့ရွာမှာ အိမ်ခြေ ၁၀၀ ကျော်နီးပါးလောက်ပဲရှိတယ်။ ရေရှည်သူတို့နေဖို့ မလွယ်ဘူး။ အခုတောင် အကုန်ရိက္ခာတွေအကုန်ပြတ်နေပြီ၊ ဆန်ဆီဆားတွေ ဘာမှမရှိတော့ဘူး” လို့ပြောပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အနီးအနားက ကျေးရွာတွေကဖြစ်ကြတဲ့ မင်းကင်းဆိပ်၊ မင်းဖူး၊ ဝါးတောင်၊ ဘိတ်တောင်ရွှေတမာကျေးရွာတွေက နီးစပ်ရာကျေးရွာတွေဖြစ်ကြတဲ့ တံခွန်တိုင်း၊ မင်းတင်မ၊ ကုလားမတောင်ကျေးရွာတွေကို ထွက်ပြေးလာနေကြတာပါ။

ဒါ့အပြင် အခုရက်ပိုင်းက မင်းပြားမြို့နယ် စပါးထားကျေးရွာမှာ ဘုန်းတော်ကြီးကျောင်းရှေ့မှာ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုးန်တော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ကျေးရွာသား ၆ ဦးသေဆုံး၊ ၁၀ ဦးမထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တပ်မတော်တို့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း အရပ်သားတွေ ဖမ်းဆီးခံရတာ၊ သေဆုံးတာတွေ အများအပြားရှိလာနေသလို စစ်ဘေးရှောင် ၅၀၀၀၀ နီးပါးအထိ ရှိလာနေတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013