DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် တပ်မတော်နှင့် အေအေတိုက်ပွဲဖြစ်၊ အရပ်သား ၅ ဦးဒဏ်ရာရ
DVB
·
June 3, 2019
မင်းပြားတွင် တပ်မတော်နှင့် အေအေတိုက်ပွဲဖြစ်၊ အရပ်သား ၅ ဦးဒဏ်ရာရ
1 / 12
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တို့ကြား ရွှေတမာကျေးရွာ- အောင်ဒိုင် ကျေးရွာ၊ စပါးထားကျေးရွာနဲ့ မြောင်းဘွေးကျေးရွာ အနီးနားတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲတွေကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကျည်ဆန်မှန်ထိခိုက်ဒဏ်ရာရှိတဲ့သူတွေကို မြောင်းဘွေဆေးရုံမှာ ကုသနေရသလို ဒဏ်ရာပြင်းထန်းတဲ့ အမျိုးသမီးလူနာတဦးကိုတော့ မြောက်ဦးဆေးရုံ ပို့ဆောင်ပေးခဲ့ရတယ်လို့ အမည်မဖော်လိုသူ မြောင်းဘွေဆေးရုံဆရာမတဦးက ဒီကနေ့ မနက်ပိုင်းမှာ ဒီဗွီဘီကို ပြောပါတယ်။

“ဒဏ်ရာနဲ့ ဆေးရုံကို မနေ့က ၄ ယောက်ရောက်လာတယ်။ ဒီကနေ့ မနက်က တယောက် ဒဏ်ရာနဲ့ ရောက်လာတယ်။ စုစုပေါင်းကတော့ ၅ယောက်ပါ။ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၃ ယောက်၊ အမျိုးသမီးတယောက်က တော်တော်ပြင်ပြင်းထန်ထန် နောက်ကျော့ကုန်းမှာ ဒဏ်ရာ ရထားတယ်။ သူ့ကိုတော့ မြောက်ဦးဆေးရုံကို ပို့လိုက်တယ်။ ပြင်းပြင်ထန်ထန် ဒဏ်ရာရတာ ကတော့ ၃ ယောက်ပါ ”လို့ပြောပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီးလူနာတယောက်ကိုတော့ မြောင်းဘွေဆေးရုံကတဆင့် မြောက်ဦးဆေးရုံကို သယ်ဆောင်လာပြီး အခြေနေ စိုးရိမ်ရလို့ မြောက်ဦးကနေ ရွှေပြည်တန် ရေယာဉ်နဲ့ စစ်တွေဆေးရုံကို ယူဆောင်လာတယ်လို့ ကရုဏာလှိုင်းသွေးလှူရှင်များ အသင်းက ဒီဗွီဘီကိုပြောပါတယ်။

ဒဏ်ရာရရှိလာတဲ့သူတွေကတော့ မြောင်းဘွေပြည်တော်သာရပ်ကွက်က တယောက်နဲ့ မြောင်းဘွေကျေးရွာအနီး ရွှေလံကျေးရွာတယောက် ဖြစ်ပြီးတော့ ရှမ်းတောင်ကျေးရွာကနှစ်ဦးတို့နဲ့ ဒီကနေ့ မနက်ပိုင်းက ရောက်ရှိလာတာ တယောက်ကို လောလောဆယ်မသိရသေးဘူးလို့ ဆရာမတဦးက ပြောပါတယ်။

ဒီလိုပစ်ခတ်မှုတွေကြောင့် မြောင်းဘွေဆေးရုံလူနာဆောင်ပါအဝင် ဝန်ထမ်းအိမ်ရာတွေ ကိုလည်း ကျည်ဆန်တွေ ထိမှန်ခဲ့သလို နေအိမ်တော်တော်များများလည်း ကျည်ဆန်တွေ ထိမှန်ခဲ့ တယ်လို့ မြောင်းဘွေတိုက်နယ်ဆေးရုံမှာ တာဝန်ကျနေတဲ့ အမည်မဖော်လိုတဲ့ ဆရာဝန်က ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း ၅ နာရီကစလို့ စပါးထားကျေးရွာ၊ အောင်ဒိုင်ကျေးရွာ၊ ရွှေတမာကျေးရွာ အနားတွေမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတယ်လို့ ရွှေတမာကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက်က စပြီးဖြစ်နေကြတယ်။ တော်တော်ပြင်းပြင်းထန်ထန် ဖြစ်နေကြတာ၊ နှစ်ဖက်တိုက်ပွဲဖြစ်ကြတာ။ စပါးထား၊ အောင်ဒိုင်၊ ကျနော်တို့ ရွှေတမာကျေးရွာ အနားတွေမှာ ဖြစ်နေကြတာ။ ကျနော်တို့ရွာကတော့ လူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိသေးဘူး။ လူတွေကြောက်လန့်ပြီးတော့ ရွာမှာ မနေကြတော့ဘူး။ ဘုန်းကြီးကျောင်းကို ထွက်ပြေးကြတယ်။ ဘုန်းကြီးကျောင်းရဲ့ တောင်ကုန်းမှာလည်း နေကြတယ်။”

မင်းပြားမြို့နယ်၊ ရွှေတမာကျေးရွာအနီးမှာ ရွှေတမာကျေးရွာ-စပါးထား၊ အောင်ဒိုင်ကျေးရွာနဲ့ မြောင်းဘွေးကျေးအနားတွေမှာ ဒီကနေ့ မနက်ပိုင်းစလို့ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်မှုတွေရှိနေသလို အဲ့ဒီရွာအနားတွေမှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အနီးအနား ကျေးရွာတွေက ဒေသခံတွေ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရ ပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013