DVB Logo
Home
မြန်မာသတင်း
ရန်ရန်ချန်းနှင့် R. ဇာနည် အဖွဲ့ ၂ ဖွဲ့ အပြိုင်ကြဲကြမည့် The Voice Myanmar လိုက်ဖ်ရှိုးည
DVB
·
May 31, 2019
ရန်ရန်ချန်းနှင့် R. ဇာနည် အဖွဲ့ ၂ ဖွဲ့ အပြိုင်ကြဲကြမည့် The Voice Myanmar လိုက်ဖ်ရှိုးည
Donate to DVB

ခုလာမယ့် ဇွန်လ ၂ ရက်နေ့မှာတော့ The Voice Myanmar ရဲ့ ဒုတိယသီ တင်းပတ် လိုက်ဖ်အဆင့်မှာ Coach ၂ ဦးဖြစ်တဲ့ အဆိုတော် ရန်ရန်ချန်းနဲ့ R. ဇာနည်တို့ အဖွဲ့ ၂ ဖွဲ့က ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။

Live Show ယှဉ်ပြိုင်မှုမှာတော့ အဖွဲ့ ၂ ဖွဲ့က ပြိုင်ပွဲဝင် ၄ ယောက်စီ ယှဉ်ပြိုင် ကြမှာဖြစ်ကာ သူတို့ထဲက ၂ ယောက်စီကသာ နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ပထမသီတင်းပတ်အဖြစ် Coach နီနီခင်ဇော်နဲ့ ကျား ပေါက်တို့ အဖွဲ့ ၂ ဖွဲ့ရဲ့ Live Show ယှဉ်ပြိုင်မှုမှာတော့ တဖွဲ့စီက အနိုင်ရတဲ့ ပြိုင်ပွဲဝင် ၂ ယောက်စီ၊ စုစုပေါင်း ၄ ယောက်က နောက်တဆင့် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

သူတို့ကတော့ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက Hazel နဲ့ Nicholas Pasangma တို့နဲ့ ကျားပေါက်ရဲ့ အဖွဲ့ထဲက နိုဗန်ထူးနဲ့ ညိုမီမီထွန်းတို့ ဖြစ်ကြပါတယ်။

ဒုတိယသီတင်းပတ် Live Show ယှဉ်ပြိုင်မှုမှာတော့ Coach ရန်ရန်ချန်းရဲ့ အဖွဲ့ထဲ မှာ Solomon King၊ ယမုံဇင်ဦး၊ ဟိန်းဇော်လင်းနဲ့ Melody Khong တို့ ပါဝင်ပြီး R. ဇာနည်ရဲ့ အဖွဲ့ထဲမှာတော့ Paul Austin၊ ဒေးဗစ်ထူး၊  ပန်ပန်ကြေးမုံနဲ့ လင်းခက်တို့က အ ကြိတ်အနယ် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေပြီး အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေ ဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ စတဲ့ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစု ပါဝင်နေပြီး အကြိတ်အနယ် ရှိတာကို တွေ့ရပါတယ်။

Main Sponsor အဖြစ် တာဝန်ယူထားတဲ့ MPT ကနေတဆင့် ပရိသတ်အားပေးမှု အများဆုံး ပြိုင်ပွဲဝင်တွေကို Vote ပေးရွေးချယ်နိုင်ဖို့လည်း ဖိတ်ခေါ်ထားခဲ့ပြီး သူတို့ရဲ့ Voting နံပါတ်တွေကိုလည်း The Voice Myanmar ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ယှဉ်တွဲဖော်ပြ ထားခဲ့တာ ဖြစ်ပါတယ်။

အခုလာမယ့် တနင်္ဂနွေနေ့ည The Voice Myanmar Live Show အဆင့် ဒုတိယ ညမှာတော့ ဘယ်သူတွေက နောက်တဆင့် တက်လှမ်းနိုင်ပြီး ဘယ်သူတွေက လက်ပြ နှုတ်ဆက်ရမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

မဲပေးရွေးချယ်နိုင်တဲ့ Voting နံပါတ်တွေကတော့

55509 – Solomon King

55510 – ယမုံဇင်ဦး

55511 – ဟိန်းဇော်လင်း

55512 – Melody Khong

55513 – Paul Austin

55514 – ဒေးဗစ်ထူး

55515 – ပန်ပန်ကြေးမုံ

55516 – လင်းခက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013