DVB Logo
Home
မြန်မာသတင်း
နီနီခင်ဇော်နှင့် ကျားပေါက်တို့အဖွဲ့မှ ပွဲဦးထွက်ပြိုင်ရမည့် The Voice Myanmar လိုက်ဖ်ရှိုး
DVB
·
May 24, 2019
နီနီခင်ဇော်နှင့် ကျားပေါက်တို့အဖွဲ့မှ ပွဲဦးထွက်ပြိုင်ရမည့် The Voice Myanmar လိုက်ဖ်ရှိုး
Donate to DVB

မြန်မာပြည်တနံတလျားက The Voice Myanmar သီချင်းဆိုပြိုင်ပွဲဝင်တွေဟာ Blind Audition၊ Battle Round နဲ့ Knock Out Round အဆင့်တွေကို ဖြတ်သန်း ခဲ့ကြပြီးနောက်မှာတော့ ခုလာမယ့် မေလ ၂၆ ရက်နေ့မှာတော့ လိုက်ဖ်အဆင့်မှာ အကြိတ်အနယ် ထပ်မံယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။

ခု Live Show ယှဉ်ပြိုင်မှု ပထမ သီတင်းပတ်အဖြစ် ယှဉ်ပြိုင်မှုမှာတော့ Coach နီနီခင်ဇော်ရဲ့ ကျားပေါက်တို့ရဲ့ အဖွဲ့ ၂ ဖွဲ့က ၄ ယောက်စီ ယှဉ်ပြိုင်ကြမှာဖြစ်ကာ သူတို့ထဲက ၂ ယောက်စီကသာ နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

နီနီခင်ဇော်ရဲ့ အဖွဲ့ထဲမှာတော့ A ဒေး၊ Hazel ၊ Nicholas Pasangma နဲ့ Twins Star တို့ ပါဝင်ပြီး ကျားပေါက်ရဲ့ အဖွဲ့ထဲမှာတော့ နိုဗန်ထူး၊ Judson Fish၊ စီကိုနဲ့ ညိုမီမီထွန်းတို့က အကြိတ်အနယ် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေပြီး အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေ ဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ စတဲ့ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစု ပါဝင်နေပြီး အကြိတ်အနယ် ရှိတာကို တွေ့ရပါတယ်။

Main Sponsor အဖြစ် တာဝန်ယူထားတဲ့ MPT ကနေတဆင့် ပရိသတ်အားပေးမှု အများဆုံး ပြိုင်ပွဲဝင်တွေကို Vote ပေးရွေးချယ်နိုင်ဖို့လည်း ဖိတ်ခေါ်ထားခဲ့ပြီး သူတို့ရဲ့ Voting နံပါတ်တွေကိုလည်း The Voice Myanmar ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ယှဉ်တွဲဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

အခုလာမယ့် တနင်္ဂနွေနေ့ညမှာတော့ ဘယ်သူတွေက နောက်တဆင့် တက် လှမ်းနိုင်ပြီး ဘယ်သူတွေက လက်ပြနှုတ်ဆက်ရမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှု ကြရမှာ ဖြစ်ပါတယ်။

မဲပေးရွေးချယ်နိုင်တဲ့ Voting နံပါတ်တွေကတော့

55501 - Twins Star

55502 - Nicholas Pasangma

55503 - Hazel

55504 - A ဒေး

55505 - ညိုမီမီထွန်း

55506 - နိုဗန်ထူး

55507 – Judson Fish

55508 - စီကို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013