DVB Logo
Home
မြန်မာသတင်း
ABSDF ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ကျော်ကို၏ ဈာပန မဲဆောက်တွင်ကျင်းပ
DVB
·
May 21, 2019
ABSDF ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ကျော်ကို၏ ဈာပန မဲဆောက်တွင်ကျင်းပ
1 / 6
Donate to DVB

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)  ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ကျော်ကိုရဲ့ ဈာပနကို ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တောရဘုန်းကြီးကျောင်းမှာ ကျင်းပပါတယ်။

အသက် ၅၁ နှစ်အရွယ် ကိုကျော်ကိုဟာ မဲဆောက်မြို့မှာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဘောလုံးကန်နေရင်း မေလ ၁၇ ရက်က အမောဖောက်ကာ နှစ်လုံးရပ်ပြီး ကွယ်လွန်သွားခဲ့တာပါ။

ရဲဘော်ကျော်ကို (ခ) ကိုကျော်ကိုကိုဝင်းကို မွန်ပြည်နယ်၊ မုဒုံမြို့မှာ ၁၉၆၈ ခုနှစ် မတ်လ ၂၅ ရက်မှာ အဘ ဦးစံမြင့်၊ အမိဒေါ်သန်းညွန့်တို့က မွေးဖွားခဲ့ပြီး မောင်နှမမွေးချင်း ၈ ဦးအနက် တတိယမြောက်သား ဖြစ်ပါတယ်။

မူလတန်းပညာကို သင်္ဘောဦး အလယ်တန်းကျောင်းမှာ ပညာသင်ယူခဲ့ပြီး ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့အထိ မုဒုံမြို့ အ.ထ.က (၁) မှာ ပညာသင်ယူခဲ့ပါတယ်။

၁၉၈၇ ခုနှစ်မှာ ပြည်မြို့ စက်မှုလက်မှုသိပ္ပံ (GTI) မှာ တက်ရောက်ပညာသင်ကြားခဲ့ပြီး  ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ မုဒုံမြို့နယ် ကျောင်းသားခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေးနယ်မြေကို တောခိုကာ မကဒတ ကျောင်းသားတပ်မတော် စတင်ဖွဲ့စည်းချိန်ကစလို့ လက်နက်ကိုင် တော်လှန်ရေး တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့ပါတယ်။

သေ့ဘောဘိုးစခန်း ကော်မတီ အတွင်းရေးမှူး၊ ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တပ်မဟာ (၆) အလုပ်အဖွဲ့ဝင်၊ အလယ်ပိုင်းဒေသ အလုပ်အဖွဲ့ဝင်၊ တောင်ပိုင်းဒေသ အလုပ်အဖွဲ့ခေါင်းဆောင်နဲ့ မကဒတ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုဦးဆောင်ကော်မတီဝင်၊ ဗဟိုကော်မတီဝင် စစ်ဦးစီးမှူး တာဝန်တွေလည်း ထမ်းဆောင်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရေးအန်တုမှုကော်မတီ (PDC) မှာ ဒုညွန်ကြားရေးမှူး၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) မှာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ်လည်းကောင်း  ကွယ်လွန်ချိန်ထိ တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာတော့ ဇနီးဖြစ်သူနဲ့ သမီးတယောက် ကျန်ရစ်ခဲ့ပါတယ်။

ရဲဘော်ကျော်ကိုရဲ့ ဈာပနအခမ်းအနားကို ABSDF ကျောင်းသားတပ်မတော် ခေါင်းဆောင်တွေနဲ့ တပ်ဖွဲ့ဝင်တွေသာမက သူ့ကို ချစ်ခင်လေးစားတဲ့ မဟာမိတ် အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေ တက်ရောက်ခဲ့ကြပါတယ်။

သတင်း - ဖိုးစီ၊ ဓာတ်ပုံ - ကိုဈာန်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013