DVB Logo
Home
မြန်မာသတင်း
The Voice Myanmar ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရသည့် အာကာ အောင်ခင်ဝင်း (ရုပ်သံ)
DVB
·
May 20, 2019
The Voice Myanmar ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရသည့် အာကာ အောင်ခင်ဝင်း (ရုပ်သံ)
Donate to DVB

“ကျနော်ကြိုက်တဲ့ နံပြားကို… မနက်မိုးလင်းတိုင်း… သူလေဈေးက၀ယ်ပြီးတော့ အမေကို ၀င်ပေးတယ်… သူသိပ်ချစ်လွန်းတော့ ကျနော့်အတွက် စိတ်ပိန်ရတယ်… သဂရုစိုက်လွန်းတော့ ကျနော့်အတွက် မလွတ်လပ်ဘူးတကယ်”

ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက ကွယ်လွန်သွားပြီဖြစ်တဲ့ တေးသံရှင် ဒိုးလုံးရဲ့ ဘယ်လိုလုပ်ရမလဲအမည်ရတဲ့ သီချင်းစာသားတွေမှန်း သိကြပြီးဖြစ်မှာပါ။

ဒီတခါမှာတော့ ဒီသီချင်းကို The Voice Myanmar သီချင်းဆိုပြိုင်ပွဲစင်မြင့်ပေါ်မှာ ခံစားမှုအားကောင်းကောင်း၊ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ပရိသတ်တွေက ရှုစားခဲ့ကြရတာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် အာကာအောင်ခင်ဝင်းက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ The Voice Myanmar ရဲ့ Knock Out Round မှာ ဒီသီချင်းကို ပညာသားပါပါ သီဆို ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင် ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World ၊ အိပ်မက်ဆုံရာစတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစု ပါဝင်နေပြီး အကြိတ်အနယ်ရှိနေကြတာကို တွေ့ရပါတယ်။

အိပ်မက်ဆုံရာ Season 1 ရဲ့ First Runner Up ဆုရှင် အာကာအောင်ခင်ဝင်းဟာ ထူးခြားတဲ့ အသံ၊ ဟန်တွေနဲ့ သီဆိုဖျော်ဖြေလေ့ရှိသူဖြစ်ပြီး Blind Audition မှာလည်း ဒိုး လုံးရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ငါတမ်းတနေမှာ သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Coach ရန်ရန် ချန်းရဲ့ အဖွဲ့ထဲကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

အဲဒီနောက်တဆင့်ဖြစ်တဲ့ Battle Round မှာတော့  သူက ပြိုင်ဘက် ရတီနဲ့ သီ ချင်းတပုဒ်ကို စုံတွဲသီဆိုပြီး ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအဆင့်မှာတော့ သူတို့ ၂ ယောက်ဟာ ရော့ခ်အဆိုတော် အငဲသီဆိုထားတဲ့ ဇာတ်တော်ထဲမှာ အလွမ်းဆုံးသီချင်းနဲ့ အပြိုင်ကြဲသီဆိုကာ အားလုံးကို အံ့အားသင့်စေရလောက်အောင် အစွမ်းပြပြီး သီဆိုယှဉ် ပြိုင်ခဲ့ကြပြီး အာကာအောင်ခင်ဝင်းက တဆင့်တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

Knock Out Round မှာတော့ Coach ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင် ၄ ယောက်ဖြစ်ကြတဲ့  Just ၊ Solomon King ၊ အာကာအောင်ခင်ဝင်း နဲ့ Melody Khong တို့က သီချင်းတပုဒ်စီနဲ့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

“ဘယ်လိုလုပ်ရမလဲ… ကျနော်မချစ်တော့ဘူး… သူ့ ရင်ထဲက ဘာတွေ ဘယ်လိုခံ စားနေ… ကျနော်မသိချင်… သူ့အချစ်စကားများ… ဘာဘာညာညာ ကျနော်မကြား ချင်… ကျနော်မသိချင်… သူ့စိတ်ကူးများ ဘာတွေဘယ်လိုမျှော်လင့်နေ… ခုလိုဟန် ဆောင်လိမ်ညာခဲ့ပြီး သူ့အချစ်ကို ကျနော်ဆက်ပြီး မလိုချင်တော့ပြီ”

ရိုးရှင်းလှပပေမယ့် ဆိုရခက်ခဲတဲ့ ဒီသီချင်းဟာ ဒိုးလုံးသီဆိုချိန်ကတည်းက ပရိ သတ်အားပေးမှု ရရှိခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ပြီး ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်သူနည်းတဲ့ သီချင်းအ မျိုးအစားလည်း ဖြစ်နေပါတယ်။ ပြိုင်ပွဲဝင် အာကာအောင်ခင်ဝင်းရဲ့ ဒီသီချင်းနဲ့ သီဆိုဖျော်ဖြေမှုကတော့ Coach တွေကိုရော ပရိသတ်တွေကိုပါ အကောင်းဆုံး ရသတခု ပေးစွမ်းနိုင်ခဲ့တာကို တွေ့ရပါတယ်။

သီချင်းအဆုံးမှာတော့ Coach ဖြစ်တဲ့ ရန်ရန်ချန်းရဲ့ ရွေးချယ်အဆုံးဖြတ်ပေးရမယ့် အချိန်ရောက်ရှိလာခဲ့ချိန်မှာတော့ ကံမကောင်းစွာပဲ သူရွေးချယ်မခံခဲ့ရဘဲ ပြိုင်ပွဲဝင် ၄ ယောက်ထဲက Solomon King နဲ့ Melody Khong တို့ကို ရွေးချယ်ခဲ့တာပါ။

အကောင်းဆုံး သီဆိုဖျော်ဖြေခဲ့ပေမယ့် အာကာအောင်ခင်ဝင်းနဲ့ Just တို့ကတော့ ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်ခဲ့ကြရပြီ ဖြစ်ပါတယ်။

The Voice Myanmar Season 2 ရဲ့ Knock Out Round မှာတော့ ပရိသတ်တွေဆီက သူတို့အားပေးနှစ်သက်ကြတဲ့ ပြိုင်ပွဲဝင်တွေနဲ့ Coach တွေ ရွေးချယ်တဲ့ အနုပညာရှင်တွေ တထပ်တည်း မကျတဲ့အပေါ် ဝေဖန်မှုတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

Knock Out Round ကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ အခုနှစ်မှ ထည့်သွင်းထားတဲ့ အဆင့်တဆင့်ဖြစ်ကာ အုပ်စုတစုထဲက ၄ ယောက်အစွမ်းပြ သီဆို ယှဉ်ပြိုင်ရတာဖြစ်ပြီး ၂ ယောက်ကိုပဲ ရွေးချယ်ကာ ၂ ယောက်ကတော့ ပြိုင်ပွဲကနေ နုတ်ထွက်ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013