DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးတဦးက အဘိုးအိုအား ကားပေါ်မှတွန်းချသည့်ဗွီဒီယို လာ့စ်ဗီးဂတ်စ်ရဲ ထုတ်ပြန် (ရုပ်သံ)
DVB
·
May 19, 2019
အမျိုးသမီးတဦးက အဘိုးအိုအား ကားပေါ်မှတွန်းချသည့်ဗွီဒီယို လာ့စ်ဗီးဂတ်စ်ရဲ ထုတ်ပြန် (ရုပ်သံ)
Donate to DVB

ပြီးခဲ့တဲ့ မတ်လအတွင်း သက်ကြီးရွယ်အိုတဦးကို အမျိုးသမီးတဦးက ဘတ်စ်ကားပေါ်က တွန်းချလိုက်တဲ့ ဗွီဒီယိုဖိုင်တခုကို လာ့စ်ဗီးဂတ်စ်ရဲတပ်ဖွဲ့က မကြာသေးခင်က ထုတ်ပြန်ခဲ့ပါတယ်။

တွန်းချခံခဲ့ရတဲ့ အဘိုးအိုဟာ ဒီဖြစ်ရပ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဧပြီ ၂၃ ရက်နေ့က ကွယ်လွန်သွားခဲ့တယ်လို့ သူ့မိသားစုက ပြောပါတယ်။

ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်အရ တွန်းချမှုကို ပြုလုပ်ခဲ့သူလို့ သံသယရှိသူ အသက် ၂၅ နှစ်အရွယ် ကာဒီရှီ ဘိရှော့နဲ့ သေဆုံးသူ အဘိုးအိုတို့ဟာ ဘတ်စ်ကားက ခရီးသည်များဆင်းဖို့ ရပ်တန့်လိုက်စဉ်မှာ အပြန်အလှန် စကားများနေတာကြတာကို တွေ့ခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ ဒီအမျိုးသမီးက အဘိုးအိုကို တွန်းချလိုက်တာတွေ့ရပြီး အဘိုးအိုဟာ လမ်းပေါ်ကို မျက်နှာမှောက်လျက်လဲကျသွားခဲ့ကာ သူနဲ့အတူပါလာတဲ့ ပစ္စည်းတွေဟာလည်း သူ့အပေါ် ဖုံးလွမ်းသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီအမျိုးသားဟာ ကိုယ်တိုင် ဆေးရုံကို သွားရောက်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်မှုမှာ ပါဝင်ပါတယ်။

ဒီဖြစ်ရပ်ကို ကျူးလွန်ခဲ့တဲ့ ဘိရှော့ကို ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က ဖမ်းဆီးခဲ့ပြီး လူသတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013