DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်အစိုးရ ဘဏ္ဍရေးစည်းမျဉ်း ချိုးဖောက်ဟု လွှတ်တော်တွင် ထောက်ပြဆွေးနွေး
DVB
·
April 5, 2019
ကယားပြည်နယ်အစိုးရ ဘဏ္ဍရေးစည်းမျဉ်း ချိုးဖောက်ဟု လွှတ်တော်တွင် ထောက်ပြဆွေးနွေး
Donate to DVB

ကယားပြည်နယ်အစိုးရနဲ့အထွေထွေဦးစီးဌာနက ဆောင်ရွက်တဲ့ လုပ်ငန်းအတော်များများမှာ  ဘဏ္ဍရေးစည်းမျဉ်း ချိုးဖောက်မှုတွေရှိနေပြီး ထိရောက်စွာ ဖော်ထုတ်အရေးယူသင့်တယ်လို့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။

ပြည်နယ်တာဝန်ရှိသူအနေနဲ့ အရေးယူမှုမရှိပါက လွှတ်တော်အနေနဲ့ အဆိုပါချိုးဖောက်မှုတွေကို ပြည်ထောင်စုအစိုးရဆီ တင်ပြဆောင်ရွက်သွားမယ်လို့ ဦးသဲရယ်က ဧပြီ ၄ ရက်နေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ထောက်ပြ ပြောဆိုသွားပါတယ်။

ဧပြီလ ၄ ရက်နေ့  ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ကယားပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ဘဏ္ဍငွေအအသုံးစာရင်း စစ်ဆေးတွေ့ရှိချက်ကို အကြံပြုဆွေးနွေးစဉ် ထည့်သွင်းပြောဆိုသွားတာပါ။

ဦးသဲရယ်က “အဓိကကတော့ အထွေထွေ ရန်ပုံငွေကနေ ဆောင်ရွက်တဲ့ လုပ်ငန်းတွေ တော်တော်များများက ဒီစည်းမျဉ်းစည်းကမ်းနဲ့ မညီဘူးပေါ့နော်။ ဘယ်သူ၊ ဘယ်ဌာနဆိုတာကတော့ ပြောရခက်တယ်။ ဒါပေမယ့် အစိုးရအောက်နဲ့ ဒီထွေအုပ်ကနေပြီးတော့မှ ကြီးကြပ်ဆောင်ရွက်တဲ့ လုပ်ငန်းတွေ၊ နောက်ပြီးတော့မှ တချို့ ဒီမယ်စဲကနေပြီးတော့မှ ဈေးသစ်တည်ဆောက်မယ့်လုပ်ငန်းတွေ တင်တာပြိုင်ဘက် ဘယ်သူမှ မရှိဘူး။ မရှိတဲ့အခါမှာ လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဦးသန်းထိုက်ကိုပေးလိုက်တယ်။ သူ့ကို တာဝန်ပေးလိုက်တဲ့အပေါ်မှာ လုပ်ငန်းဆောင်ရွက်တဲ့ ပုဂ္ဂလိကဖြစ်ဖြစ်၊ ကုမ္ပဏီပဲဖြစ်ဖြစ်ပေါ့ ဒီကြားမှာ စာချုပ်ချုပ်ဆိုတာ မရှိဘူး။ ဆိုတော့ စာချုပ်မရှိတဲ့အတွက် ဒါဘဏ္ဍရေးစည်းမျဉ်းနဲ့ လုံးဝ ကုညီမှု မရှိဘူးလို့ ကျနော်တို့ ပြောလို့ရတာပေါ့။”

ဘဏ္ဍရေးစည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုတွေအတွက် အဓိက တာဝန်အရှိဆုံးပုဂ္ဂိုလ်မှာ ၀န်ကြီးချုပ်ဖြစ်သလို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအရာရှိတွေမှာလည်း တာဝန်ရှိကြောင်း ဦးသဲရယ်က လွှတ်တော်အတွင်း ထောက်ပြထားပါတယ်။

ဒါကြောင့် အခုလို ဘဏ္ဍရေးစည်းမျဉ်းချိုးမောက်မှုတွေကို ထိရောက်စွာ ဖော်ထုတ်အရေးယူသင့်ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေက အရေးယူမှုမရှိပါက လွှတ်တော်အနေနဲ့ အဆိုပါချိုးဖာက်မှုကို ပြည်ထောင်စုအစိုးရကို တင်ပြဆောင်ရွက်သွားမယ်လို့လည်း သတိပေးခဲ့ပါတယ်။

ဒါ့အပြင် ကယားပြည်နယ်ရဲ့ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ဘဏ္ဍငွေ ရသုံးစာရင်းတွေမှာ ဗဟိုအဖွဲ့အစည်း ၅ ဖွဲ့ နဲ့ ဌာနအဖွဲ့အစည်း ၁၉ ဖွဲ့ စုစုပေါင်း ဒေသဘတ်ဂျက် ဌာနအဖွဲ့စည်း ၂၄ ဖွဲ့သာ တွေ့ရှိရကြောင်း ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီက အစီရင်ခံထားပါတယ်။

ဒေသတွင်းမှာ ဌာနစုစုပေါင်း ၈၆ ခုရှိပြီး ဘတ်ဂျက်ပါ ဌာနအဖွဲ့အစည်း ၂၄ ဖွဲ့သာ အသုံးစရိတ်များနေပြီး အဲဒီထဲက လုပ်ငန်းဌာနမဟုတ်ဘဲ စီမံခန့်ခွဲရေးဌာနဖြစ်တဲ့ အစိုးရအဖွဲ့၊ မီးသတ်ဦးစီးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသုံးစရိတ်တွေမှာ လုပ်ငန်းဌာနတွေနည်းတူ အသုံးစရိတ် မြင့်မားနေတယ်လို့လည်း ထောက်ပြထားပါတယ်။

၂၀၁၉- ၂၀၂၀ ကယားပြည်နယ်ရဲ့ ဘဏ္ဍငွေ အရသုံးစာရင်းအရ ပြည်ထောင်စုကနေ လိုအပ်ငွေထောက်ပံ့ကြေး ၅၅ ဘီလီယံကျော်နဲ့ ဒေသတွင်း အမှန်တကယ် ရငွေ ၅.၅ ဘီလီယံပေါင်း ၆၁ ဘီလီယံလောက် ဖြစ်ပြီး ဒေသဘတ်ဂျက် ဌာန ၂၄ ဖွဲ့ကသာ သုံးစွဲနေတဲ့အတွက် ဘတ်ဂျက်အရ လွန်စွာ များပြာနေကြာင်း ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီက ထောက်ပြထားပါတယ်။

ဒါ့အပြင် ဘတ်ဂျက်လျာထားချက်တွေမှာ စီမံခန့်ခွန်မှုအသုံးစရိတ်တွေ များပြားနေခြင်းနဲ့ ရုံးဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးတွေသာ များပြနေတာကို လျော့ချပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးဖြစ်ထွန်းမယ့် အသုံးစရိတ်တွေကို လျာထားဖို့လည်း တိုက်တွန်းထားပါတယ်။

အစိုးရအနေနဲ့ မလိုအပ်ဘဲ စီမံခန့်ခွဲမှု ဌာနအသုံးစရိတ်တွေကို လျော့ချပြီး ပြည်သူအတွက် အရေးတကြီးလိုအပ်နေတဲ့ အသုံးစရိတ်တွေကို ဦးစားပေးဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013