DVB Logo
Home
မြန်မာသတင်း
ဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တည်ထောင်ခွင့်ရ
DVB
·
April 5, 2019
ဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တည်ထောင်ခွင့်ရ
Donate to DVB

သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဧပြီ ၄ ရက်မှာ တည်ထောင်ခွင့် ပြုလိုက်ပါတယ်။

ပါတီရဲ့ ရန်ကုန်တိုင်းစည်းရုံးရေးတာဝန်ယူထားသူ ဦးခိုင်မောင်ရည်က ပါတီမှတ်ပုံတင်တဲ့ကိစ္စတွေ ဆက်လုပ်ရဦးမယ်လို့ ပြောပါတယ်။

“တင်ထားတာကျသွားတော့ ပါတီထူထောင်ခွင့်ရသွားတဲ့သဘော၊ ပြီးတော့ မှတ်ပုံတင်ဖို့ ဆက်လုပ်ရမှာပေါ့၊ နောက် ပါတီအလံတို့ တံဆိပ်တို့ ဆက်လုပ်ရမယ့်ကိစ္စတွေ ရှိတယ်၊ အဲ့ဒါပါပဲ။”

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UNION BETTERMENT PARTY(UBP) ကို ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်ရေး၊ စီးပွားရေး တိုးတက်ကောင်းမွန်အောင် ဆောက်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်သွားမယ်လို့ ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက  ပြောထားပါတယ်။

“ကျနော်တို့ဟာ နိုင်ငံတော်နဲ့ ပြည်သူ့အကျိုးစီးပွားကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ပြည်သူတွေနဲ့အတူ နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးရဲ့ အဓိက အခြေခံဖြစ်တဲ့ စီးပွားရေးကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ တချိန်တည်းမှာပဲ လူမှုရေး ကဏ္ဍဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတို့ကို စနစ်တကျ အစီစဉ်ရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမျှတရေးနဲ့ အေးချမ်းရေး၊ မိမိတို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ဆီလျော်လိုက်ဖက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ရေးတို့ ဖြစ်ပါတယ်။ ပြည်သူလူထုကြီး အားပေးမှုနဲ့ အကြံပြုချက်တွေကို ခံယူလိုပါတယ်” လို့ ပြောထားတာပါ။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဦးဆောင်မယ့်သူတွေထဲမှာ ကြံ့ခိုင်ရေးပါတီ လွှတ်တော် အမတ်ဟောင်းတွေနဲ့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013