DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်း မြို့နယ် ၄ ခု၊ လယ်ဧက ၅ သောင်းခွဲကျော်ကို ရေအလုံအလောက်ပေးမည်
DVB
·
March 30, 2019
မန္တလေးတိုင်း မြို့နယ် ၄ ခု၊ လယ်ဧက ၅ သောင်းခွဲကျော်ကို ရေအလုံအလောက်ပေးမည်
Donate to DVB

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဝမ်းတွင်း၊ ကျောက်ဆည်၊ တံတားဦး၊ မြစ်သားစတဲ့ မြို့နယ် ၄ ခုက တောင်သူတွေရဲ့ လယ်ယာဧက ၅ သောင်းခွဲကျော်ကို ရေအလုံအလောက် ပေးဝေသွားမယ်လို့ မတ် ၂၈ ရက်မှာ ဆည်မြောင်းရုံးက ပြောပါတယ်။

“ကင်းတားဆည်ထဲမှာ ရေဧက ပေ ၃ သိန်း ၉ သောင်း လောက်ရှိပါတယ်။ လက်ယာရေပေးရေး လက်ဝဲရေပေးရေး ဆိုပြီး ရေပေးဝေရေးစနစ် ၃ မျိုးနဲ့ မြို့နယ် ၄ ခုအတွင်းက လယ်ယာတွေကို ရေပေးနေရာမှာ ဒီနှစ် နွေရာသီမှာ လယ်ယာဧက ၅ သောင်းခွဲကျော်ကို ရေအလုံအလောက် ပေးနိုင်ပါတယ်” လို့ ကင်းတားဆည်တမံဦးစီးအရာရှိ ဦးထင်ကျော်လင်းက ဒီဗွီဘီကို ပြောပါတယ်။

အညာဒေသမှာ မိုးဦး၊ မိုးလယ်၊ မိုးနှောင်း မကောင်းခဲ့တဲ့အတွက် မိုးကို အားမကိုးဘဲ ကင်းတာဆည်ရေကိုပဲ အားကိုးစိုက်ပျိုးသွားမယ်လို့ တောင်သူတွေက မျှော်လင့်နေပါတယ်။

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်မှာ တည်ရှိတဲ့ ကင်းတားဆည်ကြီးမှာ လျှပ်စစ်ဓာတ်အားထုတ်ရင်း တောင်သူတွေရဲ့ လယ်ယာတွေကို ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး ရေပေးနေပါတယ်။

၂၀၁၉ ခုနှစ် နွေရာသီမှာ စပါးဧက ၅၀၀၀ ကျော်နဲ့ အခြားသီးနှံဧက ၅ သောင်း ၁ ထောင်ကျော်ကို ရေအလုံအလာက် ပေးသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013