DVB Logo
Home
မြန်မာသတင်း
အင်္ဂပူတွင် နှစ်စဉ် လယ်ဧက ၁ဝဝဝ ကျော် ရေလွှမ်းမိုးမှုဒဏ် ခံနေရ
DVB
·
August 4, 2018
အင်္ဂပူတွင် နှစ်စဉ် လယ်ဧက ၁ဝဝဝ ကျော် ရေလွှမ်းမိုးမှုဒဏ် ခံနေရ
Donate to DVB

အင်္ဂပူမြို့နယ်ထဲက သဲဖြူချောင်းနဲ့ ချောင်းသာလေးချောင်း ကောနေတာတွေနဲ့ နန်ကသူ ရေပေးဝေရေး ဆည်မြောင်းက ရေနုတ်ပြွန်နည်းနေတာတွေကြောင့် မိုးအခါမှာ လယ်စိုက်ဧက ၁ဝဝဝ ကျော် နှစ်စဉ်ရေလွှမ်းမိုးမှုဒဏ် ခံစားနေကြရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် နခြံကျေးရွာအုပ်စုမှာ သဲဖြူချောင်းနဲ့ ချောင်းသာလေးချောင်းကောနေတာနဲ့ နန်ကသူ ရေပေးဝေရေးမြောင်းက ရေနုတ်ပြွန်နည်းနေတာတွေကြောင့် မိုးတွင်းလယ်စိုက်ပျိုချိန်တွေမှာ လယ်စိုက်ဧက ၁ဝဝဝ ကျော် နှစ်စဉ်ရေလွှမ်းမိုးမှုဒဏ် ခံနေကြရတာပါ။

နှစ်စဉ်ရေလွှမ်းမိုးတဲ့ ကျေးရွာတွေကတော့ တောင်နီကုန်း၊ သရက်ကုန်းကူး၊ လက်ပံကိုင်း၊ မရမ်မြောင်း စတဲ့ ကျေးရွာကျေးရွာပေါင်း ၈ ရွာက လယ်စိုက်ဧက ၁ဝဝဝ ကျော် ရေလွှမ်းမိုးမှုဒဏ် ခံစားနေကြရတာပါ။

အဲဒီကျေးရွာတွေကတော့ သဲဖြူချောင်း၊ ချောင်းသာလေးချောင်းနဲ့ နန်ကသူ ရေပေးဝေရေးမြောင်းက ခြားထားတာပါ။

နှစ်စဉ်မိုးစပါး စိုက်ပျိုရာသီချိန်တွေမှာ ချောင်းရေမြင့်တက်ပြီး လယ်စိုက်ပျိုဧက ၁ဝဝဝ ကျော် ရေလွှမ်းမိုးတာ ခံနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013