DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် အင်းရေထွက်ပေါက် ပိတ်ထား၍ လယ်ဧက ၂၀၀ ကျော် ပျက်စီး
DVB
·
October 28, 2018
တိုက်ကြီးတွင် အင်းရေထွက်ပေါက် ပိတ်ထား၍ လယ်ဧက ၂၀၀ ကျော် ပျက်စီး
Donate to DVB

တိုက်ကြီးမြို့နယ်မှာ အင်း ရေထွက်ပေါက်တွေ ပိတ်ထားတဲ့အတွက် လယ်ဧက ၂၀၀ ကျော် ရေနစ်မြုပ် ပျက်စီးခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။

တိုက်ကြီးမြို့နယ်၊ မင်းလှဝ ကျေးရွာအုပ်စု ကွင်းအမှတ် ၉၇ (က) နဲ့ ၇၃ ကွင်းတို့ အလဆည်းအင်းဂရန်နဲ့ ထိဆက်နေတဲ့ ချောင်းရိုးတွေကို အင်းပိုင်ရှင်က ရေထွက်ပေါက်တွေ ပိတ်ထားလို့ တောင်သူတွေစိုက်ပျိုးထားတဲ့ ရေကျနောက်စိုက် လယ်ဧက ၂၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့တာကြောင့် ငါးလုပ်ငန်းဦးစီဌာနနဲ့ သက်ဆိုင်ရာဌာနတွေကို တောင်သူ ၂၀ ကျော်က အောက်တိုဘာ ၂၆ ရက်နေ့မှာ လက်မှတ်ထိုး တိုင်ကြားထားပါတယ်။

"ကျနော်တို့တွေက ရေကြီးတဲ့ကွင်းတွေဆိုတော့ ရေကျနောက်စိုက်ပျိုးရတာ၊ စပါး ၁ ဧကကို ငွေကျပ် ၄ သိန်းလောက် ကုန်ကျစိုက်ပျိုးထားရတာ၊ အင်းပိုင်ရှင်က ရေထွက်ပေါက်တွေကို ပိတ်ထားတော့ ရေက အယ်ပြီး လယ်တွေရေနစ်မြုပ်နေပြီး စပါးပင်တွေသေကုန်ပြီ၊ ရေပြန်ဖွင့်ပေးဖို့ ပြောတော့လည်း မဖွင့်ပေးတဲ့အတွက် ခုလို တိုင်ကြားရတာ" လို့ ဦးဆောင်တိုင်ကြားသူ ဦးစောထူးပိုက ပြောပါတယ်။

အလဆည်အင်းဂရန် ရေထွက်ပေါက် သုံးပေါက်ကို အင်းပိုင်ရှင်ကပိတ်ထားတာကြောင့် ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေး ဦစီးဌာန၊ လယ်ယာမြေနှင့် စာရင်းအင်း ဦးစီးဌာနနဲ့ တိုက်ကြီးမြို့နယ် အထွေထွေဦးစီးဌာနတွေကို တိုင်ကြားထားပြီး ငါးလုပ်ငန်းဦးစီးဌာနက အင်းပိုင်ရှင်နဲ့ တွေ့ဆုံပြီး ရေထွက်ပေါက်တွေ ဖွင့်ပေးနိုင်အောင် စီစဉ်ပေးမယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အလဆည်း အင်းရေ ထွက်ပေါက်ပြသာနာသည် လယ်စိုက်တောင်သူတွေ နှစ်စဉ်ခံစားနေရကြောင်း၊ မင်းလှဝ ကျေးရွာအုပ်စုရှိ တောင်သူတွေဟာ တစ်နှစ်ကို တခါသာ စပါးကို အားထားစိုက်ပျိုးကြရပြီး အင်းပိုင်ရှင်နဲ့ နှစ်စဉ်ပြဿနာ တက်လေ့ရှိတယ်လို့ မင်းလှဝကျေးရွာ ဒေသခံတောင်သူတွေက ပြောပါတယ်။

အလဆည်း အင်းရေ ထွက်ပေါက်ပိတ်ထားတဲ့ကိစ္စ တိုက်ကြီးမြို့နယ် အထွေထွေဦးစီး ဌာနကို ဆက်သွယ်မေးမြန်ရာမှာ တောင်သူတွေ တိုင်ကြားစာပို့ထားတာကို အောက်တိုဘာ ၂၉ ရက်နေ့မှာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ ဆုံးဖြတ်ချက် နဲ့ ရေထွက်ပေါက်တွေ ဖွင့်ပေးဖို့ ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013