DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် စံချိန်မီ တကျပ်သားရွှေဒင်္ဂါးပုံစံသစ် ဗဟိုဘဏ် ထုတ်ဝေမည်
DVB
·
March 30, 2019
ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် စံချိန်မီ တကျပ်သားရွှေဒင်္ဂါးပုံစံသစ် ဗဟိုဘဏ် ထုတ်ဝေမည်
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ စံချိန်မီ တကျပ်သားရွှေဒင်္ဂါးပုံစံသစ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။

လာမယ့် ဧပြီ ၂ ရက်နေ့ကစပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မယ်လို့ အစိုးရ ပြန်ကြားရေး သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

တကျပ်သားဒင်္ဂါးကို ဝယ်ယူတာများကြပြီး ရွှေဒင်္ဂါးရဲ့ အချင်းက ၂၆ မီလီမီတာ၊ အထူက ၂ မီလီမီတာရှိပါတယ်။ ဒင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပုံရဲ့အောက်မှာ Aung San လို့ သွန်းလောင်းထားပါတယ်။

ဒင်္ဂါးရဲ့ အနားပတ်လည်မှာ Central Bank of Myanmar၊ 16.329 gm 999.9 Fine Gold လို့ အင်္ဂလိပ်စာလုံးနဲ့ ဖော်ပြထားပြီး တခြားဘက် မျက်နှာပြင်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၂၀၁၈၊ ၁ ကျပ်သား ၊ ၉၉၉ . ၉ သန့်စင်ရွှေ လို့ မြန်မာစာလုံးနဲ့ ဖော်ပြထားပါတယ်။

တကျပ်သားရွှေဒင်္ဂါး ဝယ်ယူတဲ့အခါ ရွှေဒင်္ဂါးပြားနဲ့အတူ ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ သွန်းလောင်းတဲ့ ဌာန အကြီးအကဲတို့ရဲ့ မှန်ကန်ကြောင်း ထောက်ခံချက်တွေလည်း အတူပါမှာ ဖြစ်ပါတယ်။

တကျပ်သားရွှေဒင်္ဂါးပြားကို နေ့စဉ်ပေါက်ဈေးအပေါ် အလျော့တွက်နဲ့ ကုန်ကျစရိတ် ကျပ် ၃၈,၉၅၀ ထပ်ပေါင်းတဲ့နှုန်းနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဟာ တကျပ်သား၊ ငါးမူးသားနဲ့ တမတ်သား စံချိန်မီ ရွှေဒင်္ဂါးတွေကို ၁၉၉၁ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပြီး တမတ်သား(ပုံစံသစ်) စံချိန်မီရွှေဒင်္ဂါးကိုတော့ ၂၀၁၈ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပါတယ်။

စံချိန်မီရွှေဒင်္ဂါးတွေမှာ တကျပ်သားရွှေဒင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာ ကြယ်တပွင့်ပုံ၊ ငါးမူးသားရွှေဒင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာ လယ်ထွန်နေတဲ့ပုံ၊ တမတ်သားရွှေဒင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာ သစ်ဆွဲနေတဲ့ ဆင်ပုံတွေ သွန်းလောင်းပြီး တမတ်သားပုံစံသစ် စံချိန်မီရွှေင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာတော့ ဗိုလ်ချုပ်ပုံ သွန်းလောင်းထုတ်ဝေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013