DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း၌ နိုင်ငံခြားငွေကို ကျပ်ငွေဖြင့် တရားဝင် လဲလှယ်သုံးစွဲနိုင်ရန် ဥပဒေပြင်ဆင်နေ
DVB
·
November 21, 2018
ပြည်တွင်း၌ နိုင်ငံခြားငွေကို ကျပ်ငွေဖြင့် တရားဝင် လဲလှယ်သုံးစွဲနိုင်ရန် ဥပဒေပြင်ဆင်နေ
Donate to DVB

မြန်မာပြည်တွင်းမှာ နိုင်ငံခြားသုံးငွေကို ကျပ်ငွေနဲ့ တရားဝင် လဲလှယ်သုံးစွဲနိုင်ဖို့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောပါတယ်။

နိုဝင်ဘာ ၂၀ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကယားပြည်နယ် မဲဆန္ဒနယ်က ဦးစိုးသိန်းမေးတဲ့ နိုင်ငံပိုင်ငွေကြေး ပိုမိုခိုင်မာလာစေဖို့နဲ့ တရားမဝင် ငွေကြေးသုံးစွဲတာတွေကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံခြားသုံးငွေကို ပြည်တွင်းမှာ ကျပ်ငွေနဲ့ လဲလှယ်သုံးစွဲနိုင်အောင် တွန်းအားပေးမယ့် အစီအမံတွေ ရှိ၊ မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောသွားတာပါ။

"နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို ၂၀၁၂ ခုနှစ်က ဥပဒေဆွဲခဲ့တာ။ အဲ့ဒါကို ကျနော်တို့ ပြန်လေ့လာတဲ့ အခါကျတော့ ဖြည့်စွက်စရာ အချို့အချက်တွေ ရှိပါတယ်။ လွှတ်တော်နဲ့လည်း တိုင်ပင်ပြီးတော့ လုပ်နေပါတယ်။ ဥပဒေပိုင်းအရ အခိုင်မာဆုံး ပြင်စရာရှိတာ ပြင်နေပါတယ်။ မြန်မြန် ပြင်ဆင်နိုင်အောင် ဆွေးနွေးနေပါတယ်။ ကြိုတင်ဆွေးနွေးထားတာ ရှိပါတယ်။”

အစိုးရအနေနဲ့ ဘက်ဂျက်လိုငွေကို ဗဟိုဘဏ်ကနေ ချေးယူနေရတာဟာ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းစေတဲ့ အချက်တချက် ဖြစ်တဲ့အတွက် ချေးငွေယူတာ လျှော့ချနိုင်အောင် အဆင့်ဆင့် ဆောင်ရွက်နေတယ်လို့လည်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောပါတယ်။

“ဒီဟာတွေကတော့ ချက်ချင်းကြီး လုပ်လို့ရတဲ့ဟာတော့ မဟုတ်ဘူး။ အချိန်တခုတော့ ယူရမယ်။ တဖက်ကလည်း ကိုယ့်တိုင်းပြည်ရဲ့ ငွေကြေး ဈေးကျတဲ့ကိစ္စဟာ ပြည်သူတွေအတွက် ဒေါ်လာကိုင်ဖို့ မက်လုံးတခုလို ဖြစ်လာတာပါ။ အဲ့ဒီ ဈေးကျတဲ့ကိစ္စဟာ နိုင်ငံတော်ရဲ့ အခွန်ရရှိမှုနဲ့ ဆက်စပ်နေပါတယ်။ နိုင်ငံတော်က ရသင့်ရထိုက်တဲ့အခွန် မရဘူးဆိုရင် နိုင်ငံတော် သုံးစရာရှိတာတောင် သုံးလို့မရပါဘူး။”

ပြည်တွင်းမှာ နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ ဝယ်ယူသုံးစွဲမှုတွေမှာ ပေးချေမှုတွေ၊ ဝန်ဆောင်ခနဲ့ အခကြေးငွေ ကောက်ခံမှုတွေကို နိုင်ငံတကာနည်းတူ ပြည်တွင်းသုံးကျပ်ငွေနဲ့ ပေးချေနိုင်ဖို့ သမ္မတရုံး ခွင့်ပြုချက်နဲ့ ၂၀၁၅ ခုနှစ် မေလထဲမှာ ပြည်ထောင်စုဝန်ကြီးဌာန အားလုံးနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အားလုံးကို အကြောင်းကြားခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလထဲမှာ ထိရောက်စွာ လိုက်နာဆောင်ရွက်စေဖို့ ထပ်မံ အကြောင်းကြားခဲ့ပေမယ့် လိုက်နာမှုအားနည်းလို့ ၂၀၁၈ ဇန်နဝါရီမှာ ထပ်မံညွှန်ကြားခဲ့ရပြီး မလိုက်နာရင် အရေးယူဖို့ ဗဟိုဘဏ်က စီစဉ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013