DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်ညွှန်ချုပ်၏ အမည်နှင့် ရုံးစာအတုလုပ်ပြီး လိမ်လည်မှုများရှိနေ
DVB
·
October 31, 2018
ဗဟိုဘဏ်ညွှန်ချုပ်၏ အမည်နှင့် ရုံးစာအတုလုပ်ပြီး လိမ်လည်မှုများရှိနေ
Donate to DVB

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားရေးမှူးချုပ်တယောက်ရဲ့ နာမည်ကို အသုံးပြုပြီး ရုံးစာအတုနဲ့ ငွေကြေး လိမ်လည်တာတွေ ရှိနေတယ်လို့ ဘဏ်တာဝန်ရှိသူက ပြောပါတယ်။

အဲဒီ ရုံးစာအတုမှာ ပြည်တွင်းကုမ္ပဏီတခုဖြစ်တဲ့ မြင့်မိုရ်နေလ ကုမ္ပဏီဟာ တရုတ်နိုင်ငံ ဖွံ့ဖြိုးရေဘဏ်က ဒေါ်လာ သန်း ၃၅၀ ကို ပြည်တွင်းဘဏ်တွေကို လွှဲခွင့်ပြုတယ်လို့ ဖော်ပြထားပါတယ်။

စာအတုမှာ ဒုညွှန်ချုပ် ဦးဝင်းသော်လို့ ဖော်ပြလက်မှတ်ရေးထိုးထားပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနရဲ့ ရုံးစာအဖြစ် ပြုလုပ်ထားတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌရုံးရဲ့ ညွှန်ကြားရေးမှူးချုပ်  ဦးဝင်းသော်က “ဒီစာမျိုး တကယ်ထုတ်ပေးခဲ့တာလည်း မရှိပါဘူး။ အခုက အများသိအောင် ဖေ့စ်ဘွတ်ခ်မှာ တင်လိုက်တာပါ။ ပြည်ထဲရေးနဲ့ ဆက်သွယ်ပြီး ဥပဒေ လမ်းကြောင်း အရလည်း ဆက်လုပ်ပါမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီစာနဲ့အတူ လုပ်ကိုင်ခွင့်ရရှိထားတဲ့ စီမံကိန်းစာရင်းဆိုပြီးတော့ လိမ်လည်ဖော်ပြနေတာ ရှိတယ်လို့လည်း ဦးဝင်းသော်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်ကနေ ပြောဆိုထားပါတယ်။

ဒါကြောင့် လုပ်ငန်းဆောင်ရွက်ဖို့ဖြစ်ဖြစ်၊ အလုပ်တခု ဖြစ်ဖြစ် ဆွေးနွေးလာခဲ့ရင် အနီးစပ်ဆုံး ရဲစခန်းကို အကြောင်းကြားဖမ်းဆီးဖို့နဲ့ ဗဟိုဘဏ်ကို အကြောင်းကြားပေးဖို့ကိုလည်း သူက ဆိုပါတယ်။

အဲဒီစာတွေမှာပါတဲ့ မြင့်မိုရ်နေလ ကုမ္ပဏီရဲ့ အုပ်စုကုမ္ပဏီ မိုးမြင့်ထက်ယံရဲ့ အမှုဆောင် အရာရှိချုပ် ဦးအောင်က “ဒီစာဟာ ကျနော်တို့နဲ့ လုံးဝ မပတ်သက်ပါဘူး။ ကြားကပွဲစားတွေက လုပ်တာလား၊ ကုမ္ပဏီနာမည်ပျက်အောင်ပဲ လုပ်တာလားတော့ မသိဘူး။ ဒီလိုမျိုးလိမ်လည်တာတွေ ကြားလို့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက သတင်းစာမှာ ကြေညာတာတွေ ထည့်နေတာ ၅ ကြိမ်ရှိပါပြီ။ အခု နိုဝင်ဘာလမှာလည်း ထပ်ထည့်ဖို့ စီစဉ်နေပါတယ်” လို့ ပြောပါတယ်။

ဘယ်လိုပုံစံနဲ့ လိမ်လည်တာတွေရှိလဲဆိုတာတော့ တိတိကျကျ မသိဘူးလို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ ဒီကိစ္စဖြေရှင်းဖို့  ဗဟိုဘဏ်နဲ့ ဆက်သွယ်ဖို့ကြိုးစားနေသလို ဥပဒေ လမ်းကြောင်းအရလည်း ဆောင်ရွက်သွားမယ် လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013