DVB Logo
Home
မြန်မာသတင်း
မန်လီရွာသား ၈ ဦးကို ပြန်လွှတ်ပေးမည်ဟု RCSS ပြော
DVB
·
March 29, 2019
မန်လီရွာသား ၈ ဦးကို ပြန်လွှတ်ပေးမည်ဟု  RCSS ပြော
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မန်လီကျေးရွာက ရွာသား ၈ ဦးကို စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်ထားပြီး မိဘဆွေမျိုးထံ ပြန်လည်အပ်နှံပေးမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA က ပြောပါတယ်။

နမ္မတူမြို့နယ်မန်လီကျေးရွာမှာ ဒီလဆန်းပိုင်းက RCSS တပ်တွေနဲ့ TNLA တအာင်းပလောင်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီး ရွာသား ၁၂ ဦး ပျောက်ဆုံးသွားခဲ့တာပါ။

ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့ကတော့ ပျောက်ဆုံးရွာသား ၁၂ ဦးအနက် ၈ ဦးကို သူတို့ခေါ်ဆောင်ထားကြောင်းနဲ့ ဒီကနေ့ ပြန်လွှတ်ပေးဖွယ်ရှိတယ်လို့ RCSS ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်မှူးစိုင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီနေ့က တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ တိုက်ပွဲတွေကြားသွားတာ လာတာမို့ မေးမြန်းစရာလေးတွေရှိလို့ ခေါ်ထားတာပါ၊ အကျဉ်းထောင်ထဲထည့်တာ၊ လက်ထိတ်ခတ်တာ နှိပ်စက်တာတွေ မရှိပါဘူး။ သူတို့ မိဘဆွေမျိုးတွေဆီ အကြောင်းကြားထားပါတယ်၊။ ဒီနေ့ တွေ့ဆုံဖို့ခေါ်ထားတယ်။ နေရာအတိအကျ ကျနော်ပြောလို့မရဘူး။ သူတို့ဆွေမျိုးတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးရင် ပြန်ထည့်ပေးလိုက်မယ်။”

ပြီးခဲ့တဲ့ မတ်လ ၁ ရက်က မန်လီရွာအနီးမှာ  TNLA တအာင်းပလောင်တပ်တွေနဲ့ RCSS ရှမ်းတပ်တို့ တိုက်ပွဲဖြစ်ပွားကာ မန်လီရွာသား ၅၀၀ ကျော် သီပေါမြို့နယ်ဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ရွာသား ၁၂ ဦးပျောက်ဆုံးသွားတာပါ။

ပျောက်ဆုံးသွားတဲ့ ရွာသားတွေဟာ ပလောင်တိုင်းရင်းသားတွေဖြစ်ပြီး သူတို့ကို RCSS/ SSA   ဖမ်းဆီးထားတယ်လို့ ယုံကြည်တဲ့အတွက် ပလောင်တိုင်းရင်းသားအရပ်ဘက်အဖွဲ့အစည်းက လူအင်အား ၁၀၀၀ လောက်နဲ့ မတ်လ ၁၇ ရက်နေ့က လားရှိုးမှာ ရွာသားတွေကို ပြန်လွှတ်ပေးဖို့ RCSS/SS Aကို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ မန်လီရွာကို ဒီဗွီဘီရုပ်သံက သွားရောက် သတင်းယူခဲ့သလို ဖမ်းဆီးခံထားရတဲ့ ရွာသားတွေရဲ့ မိသားစုတွေနဲ့လည်း စစ်ရှောင်စခန်းမှာ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

မါးနဂါးပလောင်သတင်းဌာနက  မိုင်းအနိုင်ကတော့ ရွာသားတွေ လွတ်မြောက်ရေးအတွက် တအာင်းပါတီ၊ ရှမ်းပါတီနဲ့ မိသားစုဝင်တွေဟာ ဒီကနေ့ သီပေါမြို့နယ် ထန်စန့်ကျေးရွာမှာ သွားရောက်တွေ့ဆုံနေကြကြောင်းနဲ့  အဖမ်းခံရသူတွေ ပြန်လွတ်မလွတ်တော့ မသိရသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က သူတို့မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပေးလို့ နှစ်ယောက်သွားတွေ့တယ်။ သူတို့ဖမ်းထားတဲ့ ၈ ယောက်လုံးနဲ့ တွေ့ခွင့်ပေးတယ်။ ဒါပေမယ့် ဘာလို့ဖမ်းထားလဲဆိုတာတော့ မမေးရဲဘူးတဲ့။ ဘာလို့ချက်ချင်းမလွှတ်လဲဆိုတာတော့ အစကပြန်လွှတ်မလို့ ဆန္ဒပြတာတွေ ဖြစ်လာတော့ မလွှတ်တာပေါ့။ ပြီးတော့ ဦးဆောင်ဆန္ဒပြတဲ့လူတွေနဲ့ ဆွေးနွေးချင်တ ယ်လို့ပြောတယ်။ သူတို့ပြန်လွှတ်ဖို့ကို ဒီနေ့လူကြီးတွေ RCSS/SSA နဲ့သွားဆွေးနွေးတ ယ်လို့ကြားတယ်၊ ပလောင်ပါတီက သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ အက်စ်အန်အယ်လ်ဒီ ( ရှမ်းပါတီ )  က ပုဂ္ဂိုလ်တွေ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ မနေ့ကသွားတွေ့တဲ့ မိသားစုဝင်တွေပါ ပါသွားတယ်၊ သီပေါမြို့နယ် ထမ်စန့်ဆိုတဲ့ ပလောင်ကျေးရွာတရွာမှာ။”

မတ်လ ၁ ရက်က ပျောက်ဆုံးသွားတဲ့ ရွာသား ၁၂ ဦးရှိပြီး ကျန်တဲ့ ၄ ဦးက ဘယ်ရောက်နေမှန်း မသိရသေးပါဘူး။

မန်လီရွာဓာတ်ပုံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013