DVB Logo
Home
မြန်မာသတင်း
ပင်စင်လစာများ Wave Money ဖြင့် ထုတ်ယူနိုင်ပြီ
DVB
·
March 15, 2019
ပင်စင်လစာများ Wave Money ဖြင့် ထုတ်ယူနိုင်ပြီ
Donate to DVB

အငြိမ်းစားဝန်ထမ်းတွေအနေနဲ့ ပင်စင်လစာတွေကို Wave Money ကတဆင့် ထုတ်ယူနိုင်ဖို့ စတင်ဆောင်ရွက်ပေးနေပြီလို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

မတ်လ ၁၄ ရက်က နေပြည်တော်မှာ မြန်မာ့စီးပွားရေးဘဏ်နဲ့ Digital Money Myanmar ကုမ္ပဏီတို့အကြား မိုဘိုင်းဖုန်းစနစ်နဲ့ အငြိမ်းစားလစာ ထုတ်ပေးနိုင်တဲ့ ဝန်ဆောင်မှု လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုတဲ့ အခမ်းအနားမှာ ပြောသွားတာပါ။

မိုဘိုင်းဖုန်းစနစ်နဲ့ လစာငွေထုတ်ပေးဖို့ ကနဦးစမ်းသပ်မှုကို ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှာ ပြုလုပ်ခဲ့ပြီး MPT၊ Telenor၊ Ooredoo၊ Mytel ဘယ်ဆင်းကတ် အသုံးပြုသူမဆို ပင်စင်လစာ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

ပင်စင်စားတွေအနေနဲ့ လစာငွေကို Wave Money ကနေ တကြိမ်တည်းဖြစ်စေ နှစ်ကြိမ်ခွဲပြီးဖြစ်စေ ထုတ်ယူနိုင်မှာဖြစ်ပြီး သုံးကြိမ်မြောက် ခွဲထုတ်ရင်တော့ သတ်မှတ်နှုန်းထားအတိုင်း ဝန်ဆောင်ခ ပေးဆောင်ရမှာဖြစ်ပါတယ်။

နိုင်ငံတဝန်း ပင်စင်စားဦးရေ ၇၃၀,၀၀၀ ကျော်လောက်ရှိပြီး ဒီအထဲက သုံးပုံတပုံကျော်လောက်က ရန်ကုန်တိုင်းဒေသကြီးထဲမှာ နေထိုင်ကြပါတယ်။

ပင်စင်စားတွေ ဒုတိယအများဆုံး ရှိတာကတော့ မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးဖြစ်ပြီး ဧရာဝတီတိုင်းမှာတော့ တတိယအများဆုံး နေထိုင်ကြတယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013