DVB Logo
Home
မြန်မာသတင်း
တောင်ကြီးတွင် အာဂန္တုသံဃာ ၂ ပါးအား သတ်ခဲ့သူကို ဖမ်းမိ
DVB
·
March 2, 2019
တောင်ကြီးတွင် အာဂန္တုသံဃာ ၂ ပါးအား သတ်ခဲ့သူကို ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ တက္ကသိုလ်မီးပွိုင့်အနီး၊ ရွှေမုဋ္ဌောဘုရားအတက် စောင်းတန်း​မှာ ဖြစ်​ပွားခဲ့တဲ့ အာဂန္တု သံဃာနှစ်​ပါးအား သတ်ခဲ့တဲ့  သံဃာတပါးကို ဖမ်းဆီးရမိပြီလို့ ​မတ်​လ ၁ ရက်​​နေ့မှာ ​တောင်​ကြီးမြို့နယ်​ ရဲမှူးက ပြောပါတယ်။

နေပြည်​​တော်​က​နေ အလှူခံအ​နေနဲ့ ​ရောက်​လာတဲ့ အာဂန္တု သံဃာတပါးဖြစ်​ပြီး အလှူခံရတဲ့​ငွေနဲ့လက်​ကိုင်​ဖုန်းကို အသတ်​ခံရတဲ့ သံဃာတပါးကယူ​ဆောင်​ပြီး ပြန်​လည်​​တောင်းယူလို့ မရတဲ့အတွက်​ ​ဒေါသနဲ့ သတ်မိတာလို့ ၀န်ခံကြောင်း ရဲမှူး မောင်မောင်နိုင်က ပြောပါတယ်။

သင်္ကာမကင်းသူ ဥူးအင်္ဂုရ (လူအမည် အောင်မျိုးဆွေ) ကို တောင်ကြီးမြို့မရဲစခန်းမှာ ဖေဖော်ဝါရီ ၂၆ ရက်ကနေစပြီး ပထမအကြိမ် ချုပ်မိန့်ရမန်ယူကာ အမှုစစ်အဖွဲ့ ဖွဲ့စည်း စစ်ဆေးမေးမြန်းခဲ့တာလို့ ဆိုပါတယ်။

သံဃာ ၂ ပါးအား တုတ်နဲ့ ရိုက်သတ်ခဲ့တဲ့ ဥူးအင်္ဂုရ (လူအမည် အောင်မျိုးဆွေ)၊ ၃၃ နှစ်၊ အမှတ်(၃၅၀)၊ မဟော်ဂနီ(၁)လမ်း၊ ဆင်ဖြူကျွန်းရပ်ကွက်၊ ပုပ္ဗသီရိမြို့နယ်၊ နေပြည်တော်ကောင်စီ နယ်မြေနေသူကို တောင်ကြီးမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်​။

ဒါ့အပြင်​ ​တောင်​ကြီးမြို့​ပေါ်ရှိ ရွက်​ဖျင်​တဲနဲ့ သီတင်းသုံး​နေထိုင်​တဲ့ သံဃာ​တော်​​တွေကို ဖယ်​ရှားရှင်းလင်းဖို့ သာသနာ​ရေးဌာန၊ စည်​ပင်​၊ သစ်​​တော၊ ​ထွေအုပ်​နဲ့ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး​တွေ ပူး​ပေါင်းရှင်းလင်းဖို့ စီမံချက်​ကို အစိုးရထံတင်​ပြပြီး လုပ်​​ဆောင်​သွားမယ်​လို့ သိရပါတယ်​။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ တက္ကသိုလ်မီးပွိုင့်အနီး၊ ရွှေမုဋ္ဌောဘုရားအတက် စောင်းတန်း​မှာ ဖေဖော်ဝါရီ ၂၅ ရက် မနက်​အ​စောပိုင်းက အသတ်​ခံထားရတဲ့ ဦးကဝိန္ဒနဲ့  ဦးသုဇာတတို့ရဲ့ အလောင်းကို တွေ့ရှိခဲ့ပြီး ရဲက စုံစမ်းစစ်ဆေးခဲ့တာပါ။

ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013