DVB Logo
Home
မြန်မာသတင်း
၂၀၀၈ဖွဲ့စည်းပုံ ကျွန်ခေတ်က ဒိုင်အာခီစနစ်နှင့်တူနေဟု စာရေးဆရာထင်လင်းဦး ဘုတလင်၌ ဟောပြော
DVB
·
March 1, 2019
၂၀၀၈ဖွဲ့စည်းပုံ ကျွန်ခေတ်က ဒိုင်အာခီစနစ်နှင့်တူနေဟု စာရေးဆရာထင်လင်းဦး ဘုတလင်၌ ဟောပြော
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလူထုဟောပြောပွဲနဲ့  စုပေါင်းချီတက်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့မှာ မတ်လ ၁ ရက်က  ပြုလုပ်ပါတယ်။

ဒီဟောပြောပွဲမှာ စာရေးဆရာ ထင်လင်းဦးနဲ့ စာရေးဆရာ မာန် (တောင်လုံးပြန်) တို့က ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဘာကြောင့်လိုအပ်နေသလဲ၊ ဘယ်လောက်အရေးကြီးသလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ဟောပြောခဲ့ပါတယ်။

စာရေးဆရာ ထင်လင်းဦးက “အခြေခံဥပဒေဆိုတာ အဆောက်အဦတခုကို ဘယ်လို ဆောက်မယ်ဆိုတာကို ပန္နက်ရိုက်တာဖြစ်ပြီး စပြီးတော့ ပန္နက်ရိုက်ကတည်းက ရွဲ့စောင်းနေရင် ဘာအဆောက်အဦမှ ဆောက်လို့မရတဲ့အပြင် ဆောက်တဲ့အအုံကလည်း လိမ်ဖယ်ဖယ်ဖြစ်နေ မယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် ပြည်သူလူထုက ရွေးကောက် တင်မြှောက်တဲ့စနစ်၊ အစိုးရကို ဦးတည်လို့ မရဘူး။ ကျွန်ခေတ်က ဒိုင်အာခီစနစ်နဲ့တူနေတယ်။”လို့ ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးက  အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲ ကတိဖြစ်သလို လွှတ်တော်တွင်းက ပြင်ဆင်ရမှာဖြစ်ပေမယ့် ပြည်သူတွေအနေနဲ့လည်း ပြင်ဆင်ဖို့ ဆန္ဒရှိတယ်ဆိုတာ သိစေချင်လို့ လာရောက်ဝန်းရံတာလို့ ဒေသခံတဦးက ပြောပါတယ်။

ဘုတလင်မှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကို မြိုခံပြည်သူတွေ တင်မက မုံရွာ၊ ဒီပဲယင်းစတဲ့ အနီးတဝိုက်က ပြည်သူတွေလည်း လာရောက်ဝန်းရံခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ပုလဲမြို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲကို ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013