DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ်တွင် လူသတ် ဆိုင်ကယ်လုယက်မှု ဖြစ်ပွား
DVB
·
July 28, 2018
ဘုတလင်မြို့နယ်တွင် လူသတ် ဆိုင်ကယ်လုယက်မှု ဖြစ်ပွား
Donate to DVB

ဘုတလင်မြို့နယ်မှာ ဇူလိုင် ၂၇ ရက်နေ့က လူသတ်ပြီး ဆိုင်ကယ်ယူမှုဖြစ်ပွားခဲ့တယ်လို့ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဆည်ကြီးအုပ်စု၊ မဒိုင်ကျေးရွာအနီး မဒိုင်ကျေးရွာနဲ့ အင်ကြင်းသပိုးဆည်ကို ဆက်သွယ်ထားတဲ့ လမ်းဘေးမှာ လူသေအလောင်းကို လယ်သမားတွေက တွေ့ရှိရာကနေ ဆက်သွယ်အကြောင်းကြားမှုကြောင့် ဘုတလင်မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်မင်းသန့်နှင့် တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တာပါ။

သေဆုံးသူက ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့က ဦးသီဟကျော်စွာ (၄၀ နှစ်)၊ ဆိုင်ကယ်ကယ်ရီမောင်းသူလို့ သိရပြီး ဇူလိုင်လ ၂၇ ရက်နေ့ မနက်အစောပိုင်းက ဆိုင်ကယ်ကယ်ရီဆွဲဖို့ နေအိမ်က ထွက်ခွာသွားခဲ့တာလို့ ဆိုပါတယ်။

ရွာချင်းဆက်လမ်းဘေးမှာ ယာနားသွေးထွက်ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ကျည်ပေါက်ရာလို့ ထင်ရတဲ့ ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးနေပြီး အနားမှာလည်း ၉ မမ ကျည်ခွံတခုတွေ့ရှိခဲ့ရတာပါ။

အလောင်းကို ဆေးရုံပို့ဆောင်ပြီး စစ်ဆေးနေလို့ သေနတ်ဒဏ်ရာလို့တော့ အတိအကျမပြောနိုင်သေးပါဘူး။ ဒါ့အပြင် အလောင်းအနီးဝန်းကျင်မှာလည်း ဆိုင်ကယ်ကို မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကိုတော့ ရဲတပ်ဖွဲ့က ရှာဖွေစုံစမ်းနေပြီး ဘုတလင်မြို့မရဲစခန်းက (ပ)၁၁၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၇ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013