DVB Logo
Home
မြန်မာသတင်း
တပ်မတော် တပ်ရင်းမှူး ၂ ဦးထံက ယူသွားသည့်ပစ္စည်းများ RCSS အဖွဲ့ပြန်လည်ပေးအပ်
DVB
·
February 15, 2019
တပ်မတော် တပ်ရင်းမှူး ၂ ဦးထံက ယူသွားသည့်ပစ္စည်းများ RCSS အဖွဲ့ပြန်လည်ပေးအပ်
Donate to DVB

RCSS/SSA ရှမ်းလက်နက်ကိုင်တပ်ဖွဲ့က ယူဆောင်သွားခဲ့တဲ့ တပ်မတော်အရာရှိ တပ်ရင်းမှူး နှစ်ဦးရဲ့ အသုံးအဆောင်ပစ္စည်းတွေအားလုံး ပြန်လည်ရရှိပြီလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ မိုင်းပျဉ်းနဲ့ ကျိုင်းတုံ အကြား ပြည်ထောင်စု ကားလမ်းမပေါ်မှာ တောင်ကြီးမှ ကျိုင်းတုံသို့ပြန်လာတဲ့ တပ်မတော်တပ်ရင်းမှူး နှစ်ဦးထံက အသုံးဆောင် ပစ္စည်းတွေကို RCSS/SSA အဖွဲ့က ယူဆောင်သွားလို့  အမြန်ဆုံး ပြန်ပေးအပ်ဖို့ တပ်မတော်က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားတာပါ။

ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းမှာ RCSS/SSA အဖွဲ့ တာချီလိတ်မြို့ ဆက်ဆံရေးရုံးတာဝန်ခံနဲ့ အဖွဲ့ဝင်တွေက မိုင်းပျဉ်းမြို့ရှိ နယ်မြေခံတပ်သို့ လာရောက်ပြီး  ယူဆောင်သွားတဲ့ အသုံးဆောင်ပစ္စည်းတွေအားလုံးကို ပြန်လည်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

ဒီပစ္စည်းတွေကို ပြန်လည်မပေးအပ်ပါကလိုအပ်သလိုအရေးယူမှာဖြစ်ပြီး တဖက်သတ် အပစ်အခတ်ရပ်စဲထားတဲ့ ကာလမှာ လုံခြုံရေးသတိကင်းမဲ့စွာ ဆောင်ရွက်ခဲ့ကြတဲ့ တပ်မတော် အရာရှိတွေကိုလည်း စစ်စည်းကမ်းနဲ့အညီ အရေးယူမယ်လို့လည်း တပ်မတော်က သတင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013