DVB Logo
Home
မြန်မာသတင်း
ရှေ့နေဦးကိုနီအား ပစ်သတ်ခဲ့သည့် ကြည်လင်းကို ကြိုးမိန့် သေဒဏ်ချမှတ်
DVB
·
February 15, 2019
ရှေ့နေဦးကိုနီအား ပစ်သတ်ခဲ့သည့် ကြည်လင်းကို ကြိုးမိန့် သေဒဏ်ချမှတ်
Donate to DVB

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို မင်္ဂလာဒုံလေဆိပ်မှာ သေနတ်နဲ့ အနီးကပ်ပစ်သတ်ခဲ့တဲ့ ကြည်လင်းကို ရန်ကုန် အင်းစိန် မြောက်ပိုင်းခရိုင်တရားရုံးက ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ  ကြိုးမိန့် သေဒဏ်အမိန့် ချမှတ်လိုက်ပါတယ်။

ဦးကိုနီအား အနီးကပ်ပစ်သတ်ခဲ့သူ ကြည်လင်းကို သေဒဏ်နဲ့ အနှစ် ၂၀ ရယ်၊ အောင်ဝင်းဇော်က သေဒဏ်၊  ဇေယျာဖြိုးက ပုဒ်မ ၂၀၁ အရ ထောင်ဒဏ် ၅ နှစ်နဲ့ အောင်ဝင်းထွန်းက ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရတာလို့ တရားခံ ရှေ့နေကပြောပါတယ်။

“သူတို့ရဲ့ သုံးသပ်ချက်၊ အမှုတွဲရဲ့ ပေါ်ပေါက်ချက်ကို ကျနော်တို့ ပြန်လေ့လာရဦးမယ်။ ဒီလုပ်ငန်းစဉ်အရသာ ဒီနေ့ အမိန့်ချသွားတာ။ အယူခံဥပဒေအရ ၇ ရက်ပေးထားတယ်။ ကျန်တဲ့လူတွေက ရက်ပိုင်း ၆၀။ ကျန်တာ ဘယ်လိုဆက်လုပ်သွားမလဲဆိုတာ ကာယကံရှင်ရဲ့ဆန္ဒလည်းရှိတယ်။ နောက်အမိန့်မှာက အပြီးသတ်အားလုံး  စုံစုံလင်လင် ပြန်ကြည့်ရဦးမယ်။”

ကြည်လင်းတို့ကို ခုလို ပြစ်ဒဏ်တွေ ချမှတ်လိုက်ပေမယ့် ဦးကိုနီလုပ်ကြံမှုမှာ အဓိက နောက်ကွယ်ကနေ ကြိုးကိုင်သူ အောင်ဝင်းခိုင်ကတော့ အခုချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက ပြည်ပကနေ ပြန်လာချိန် ရန်ကုန်လေဆိပ် လူမြင်ကွင်းမှာ သေနတ်နဲ့အနီးကပ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီအမှုဟာ ရုံးချိန်းပေါင်း ၁၀၀ကျော်၊ စစ်ဆေးချိန် ၂ နှစ်ကျော်ကြာမြင့်ခဲ့သလို လူအများ စိတ်ဝင်စားစောင့်ကြည့်နေတဲ့ အမှုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013