DVB Logo
Home
မြန်မာသတင်း
ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန် ခိုင်းစေသူဟု ယူဆရသည့် ဦးမြင့်ဆွေကို ဖမ်းမိ
DVB
·
February 1, 2017
ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန် ခိုင်းစေသူဟု ယူဆရသည့် ဦးမြင့်ဆွေကို ဖမ်းမိ
Donate to DVB

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ ဦးကြည်လင်းအား ခိုင်းစေသူလို့ ယူဆရတဲ့ ဦးမြင့်ဆွေဆိုသူကို မနေ့ညက မြဝတီမြို့မှာ ဖမ်းဆီးလိုက်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ မြဝတီိမြို့နယ်ရဲစခန်းမှ ရဲအရာရှိတဦးက ပြောပါတယ်။

“အဲဒါကတော့ သူတို့ဆီက နာမည်နဲ့တူတဲ့ဟာကို ကျနော်တို့ စစ်နေတာရှိတယ်။ အခု ဦးမြင့်ဆွေကိုဖမ်းတယ်။ ရဲစခန်းက ဖမ်းတယ်။ စစ်တာကတော့ စီအိုင်ဒီက စစ်နေတယ်။”

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူ ဦးကြည်လင်းရဲ့ ထွက်ဆိုချက်အရ  ထိုင်းနယ်စပ်မှာနေထိုင်တဲ့ ဦးမြင့်ဆွေဆိုသူရဲ့ ခိုင်းစေချက်အရ ရှေ့နေ ဦးကိုနီကို လုပ်ကြံခဲ့တာလို့ မနေ့က ပျံ့နှံ့ခဲ့တဲ့ ရဲစစ်ချက် စာရွက်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။

ဒီကနေ့မှာတော့ ဦးကိုနီကို လုပ်ကြံခဲ့တဲ့ နောက်ကွယ်မှ ကြိုးကိုင်သူတွေကို ကရင်ပြည်နယ် ဘားအံမြို့မှာ ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် ဒီသတင်းကို အတည်ပြုနိုင်ဖို့ ဘားအံမြို့နယ် ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်သမား ဦးကြည်လင်းရဲ့ အနီးကပ်ပစ်ခတ်မှုကြောင့် အန်အယ်လ်ဒီ ဗဟိုဥပဒေအကြံပေး ဦးကိုနီ သေဆုံးခဲ့ပြီး သေနတ်သမားကို လိုက်လံဖမ်းဆီးခဲ့တဲ့ တက္ကစီသမား ကိုနေ၀င်းလည်း ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်သမား ဦးကြည်လင်းရဲ့ အနီးကပ်ပစ်ခတ်မှုကြောင့် အန်အယ်လ်ဒီ ဗဟိုဥပဒေအကြံပေး ဦးကိုနီ သေဆုံးခဲ့ပြီး သေနတ်သမားကို လိုက်လံဖမ်းဆီးခဲ့တဲ့ တက္ကစီသမား ကိုနေဝင်းလည်း ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013