DVB Logo
Home
မြန်မာသတင်း
ဦးကိုနီ လုပ်ကြံခံရမှုအပေါ် အလွန်အကျွံ တုံ့ပြန်မှုမပြုရန် အန်အယ်လ်ဒီ တိုက်တွန်း
DVB
·
January 30, 2017
ဦးကိုနီ လုပ်ကြံခံရမှုအပေါ် အလွန်အကျွံ တုံ့ပြန်မှုမပြုရန် အန်အယ်လ်ဒီ တိုက်တွန်း
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုဥပဒေအထောက်အပြုအဖွဲ့ဝင် ဦးကိုနီ လုပ်ကြံခံရတဲ့အပေါ်မှာ အဖွဲ့ဝင်တွေအနေနဲ့ အလွန်အကျွံ တုံ့ပြန်မှုမပြုဘဲ တည်ငြိမ်မှုနဲ့ ရင်ဆိုင်ဖို့ အန်အယ်လ်ဒီပါတီက ဇန်နဝါရီ ၂၉ ရက်က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ဦးကိုနီဟာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အဖွဲ့ချုပ်အတွက် အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို အနီးကပ်လုပ်ကြံတဲ့သူကို ဖမ်းဆီးထားတဲ့အပြင် ကြံရာပါတွေကို အဆောတလျင် ဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ကြိုးပမ်းနေတယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် လုပ်ကြံသတ်ဖြတ်သူကို တားဆီးရင်း အသက်ပေးခဲ့တဲ့ မင်္ဂလာဒုံမြို့နယ်က အဖွဲ့ချုပ်အဖွဲ့ဝင် တက္ကစီမောင်းသမား ဦးနေဝင်းနဲ့ ဝိုင်းဝန်းပံ့ပိုးသူတွေကို ချီးကျူးဂုဏ်ပြုတယ်လို့လည်း ကြေညာချက်မှာ ရေးသားထားပါတယ်။

အလားတူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ဦးကိုနီ လုပ်ကြံခံရတဲ့အတွက် တိုင်းပြည်မှာ ဥပဒေပညာရှင်တယောက် ဆုံးရှုံးရတဲ့အပေါ် နှမြောတသ ဖြစ်ရပြီး အကြမ်းဖက်မှုတွေကို ဆန့်ကျင်သွားမယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။

လူသတ်သမားကို မိနိုင်ရေးအတွက် ကူညီပေးသူ တက္ကစီယာဉ်မောင်းကို ဂုဏ်ပြုထားပြီး အကြမ်းဖက်လုပ်ကြံမှုကို အမှုမှန်ပေါ်ပေါက်ဖို့ အမြန်ဆုံး အရေးယူပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013