DVB Logo
Home
မြန်မာသတင်း
သတင်းသမားများ ခြိမ်းခြောက်ငွေတောင်းပါက မီဒီယာကောင်စီကို တိုင်ကြားနိုင်
DVB
·
February 9, 2019
သတင်းသမားများ ခြိမ်းခြောက်ငွေတောင်းပါက မီဒီယာကောင်စီကို တိုင်ကြားနိုင်
Donate to DVB

သတင်းမီဒီယာသမားတွေနဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေဟာ ကျင့်ဝတ်နဲ့ မညီတဲ့ ခြိမ်းခြောက်တာ၊ ငွေတောင်းတာတွေရှိရင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တိုင်ကြားကြဖို့ ကောင်စီက ဖေဖော်ဝါရီ ၈ ရက်နေ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။

သတင်းမီဒီယာအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းခံသူတွေကို ဖမ်းဆီးအရေးယူတဲ့ သတင်းတွေ တွေ့နေရသလို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဆီကိုလည်း အသိပေးတိုင်ကြားတာတွေ ရှိလာတယ်လို့ ဆိုပါတယ်။

သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေတွေအရ ကောင်စီဟာ သတင်းမီဒီယာကို စောင့်ကြည့်တာ၊  သတင်းမီဒီယာသမားတွေ၊ စာနယ်ဇင်း အသင်းအဖွဲ့တွေက မီဒီယာကျင့်ဝတ်ဖောက်ဖျက်တာရှိရင် သတိပေးဖို့ ကောင်စီမှာ အခွင့်အာဏာရှိပြီး ဒီကိစ္စတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ သတင်းမီဒီယာကျင့်ဝတ်နဲ့ သတင်းမီဒီယာဖွံ့ဖြိုးရေး ကော်မတီကိုလည်း ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

သတင်းမီဒီယာသမားတွေဟာ သတင်းမီဒီယာဥပဒေမှာ သတင်းမီဒီယာသမားတွေ လိုက်နာရမယ့် တာဝန်နဲ့ ကျင့်ဝတ်တွေ၊  ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကောင်စီတို့က ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာ အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ကောင်စီက ထုတ်ပြန်ထားတဲ့ ကျင့်ဝတ်တွေကို လိုက်နာဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သတင်းမီဒီယာသမားတွေနဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေဟာ ပြဋ္ဌာန်းထားတဲ့ သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နဲ့ စည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့လိုပြီး မလိုက်နာဘူးဆိုရင် ခေါ်ယူတွေ့ဆုံသတိပေးတာ၊ သတိပေးချက်ထုတ်ပြန်တာလုပ်မှာ ဖြစ်သလို လိုအပ်ရင် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်လိုက်ပါတယ်။

သတင်းမီဒီယာသမားတွေနဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေဟာ ကျင့်ဝတ်နဲ့ မညီတဲ့ ကျင့်ဝတ်နဲ့ မညီတဲ့ ခြိမ်းခြောက်တာ၊ ငွေတောင်းတာတွေ တွေ့ရရင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အီးမေးလ် [email protected] နဲ့ ဖုန်း- 09448026326 ကို တိုင်ကြားနိုင်ကြပြီး လုံခြုံမှုနဲ့ စိတ်ချလက်ချတိုင်ကြားနိုင်ရေးအတွက် တိုင်ကြားသူရဲ့ အမည်ကို လျှို့ဝှက်ထားပေးမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013