DVB Logo
Home
မြန်မာသတင်း
သတင်းသမားများဖမ်းဆီးခံထားရသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်း (ရုပ်သံ)
DVB
·
July 6, 2017
သတင်းသမားများဖမ်းဆီးခံထားရသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်း (ရုပ်သံ)
Donate to DVB

 

တပ်မတော်က ဒီဗွီဘီသတင်းဌာနမှ သတင်းထောက် ၂ ဦးနဲ့ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ၁ ဦးတို့ကို ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး  ဂျာနယ်လစ် ၃ ယောက်နဲ့ တပ်မတော်ကိစ္စရယ်လို့ ဘောင်ကျဉ်း ကြည့်လို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

သတင်းထောက် ၃ဦးကို  မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြန်လည်ဖြေကြားခဲ့တာပါ။

“အခုကိစ္စဟာ ဂျာနယ်လစ် ၃ ယောက်နဲ့ တပ်မတော် အပြန်အလှန် ဖြစ်နေတဲ့ကိစ္စရယ်လို့ ဘောင်ကျဉ်းကျဉ်း ကွက်ကွက်လေးကြည့်လို့ မရပါဘူး။ အခုကျင့်သုံးနေတဲ့ ဥပဒေတွေဟာ တရား ဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီပြောင်းလဲမှုတွေနဲ့ ကိုက်ညီရဲ့လား၊ ဒီမိုကရေစီနဲ့ မညီညွတ်ဘူးဆိုရင် ဥပဒေလမ်းကြောင်းအတိုင်း ပြုပြင်ပြင်ဆင်ရပါလိမ့်မယ်။ ကျမတို့ရဲ့ တရားရုံးတွေ ဂုဏ်သိက္ခာရှိရှိ ဖြစ်ဖို့တော့ ကျမတို့ လုပ်ရပါလိမ့်မယ်”လို့ ပြောပါတယ်။

ပြည်သူတွေအတွက်  တရားမျှတမှုမရှိတဲ့ ဥပဒေတွေကို  လွှတ်တော်ကနေ ပြင်ဆင်ရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ကျမတို့အနေနဲ့ တရားဥပဒေစိုးမိုးရေးမှာ ဥပဒေတွေက မျှတအောင် လုပ်ရပါမယ်။ နယ်ပယ်အသီးသီးက ကျမတို့ပြည်သူတွေအတွက် ဥပဒေကတွေက မမျှတဘူးဆိုရင် ဒီဥပဒေတွေကို လွှတ်တော်က ပြင်ဆင်ရပါမယ်။ လုပ်ထုံးလုပ်နည်းအတိုင်း သွားရပါမယ်။ ဒါဟာ အုပ်ချုပ်ရေးအနေနဲ့ ၀င်ရောက်စွက်ဖက်လို့ရတဲ့အရာ မဟုတ်ပါဘူး။ ဥပမာ ဥပဒေပြင်ဆင်ဖို့ မူကြမ်းကို ကျမတို့ ဥပဒေပြုသူတွေက တဆင့်တင်လို့ရပါတယ်၊  ဥပဒေပြုသူတွေက ဘယ်လို ပြင်ဆင်မယ် ပြဋ္ဌာန်းမယ်ဆိုတာ ဆုံးဖြတ်ရမှာဖြစ်တယ်။ ဒါပေမယ့် ဒါကို အသက်ဝင် အတည်ပြုဖို့ ဆိုတာ တရားဥပဒေလမ်းကြောင်း အတိုင်းပဲ သွားရမယ်။ ဒီလိုပဲ ကျမတို့အနေနဲ့  အမျိုးမျိုးသော အမှုတွေကို တရားရုံးမှာ ဘယ်လိုစီရင်သင့်တယ်ဆိုတာကို မှတ်ချက်ပေးလို့ မရပါဘူး။ ဒါက တရားစီရင်ရေးကဏ္ဍရဲ့အလုပ်ပါ။ ဒါပေမယ့်လည်း တကယ်လို့သာ တရားစီရင်ရေးက အလုပ်တွေက သေချာကောင်းကောင်းမလုပ်ဘူးဆိုရင်တော့ အုပ်ချုပ်ရေးပိုင်းက လိုအပ်တဲ့ အရေးယူ လုပ်ဆောင်ဖို့တာဝန်ရှိပါတယ်။

ဒါ့အပြင် ပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရေးအတွက်လည်း ဥပဒေပြုရေးဘက်က လုပ်ဆောင်နေ တယ်လို့ လည်း ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013