
အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်က မန်စီးတီးကွင်းလယ်လူ ဖီးလ်ဖိုဒန်အနေနဲ့ လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလား လူစာရင်းမှာပါဝင်ဖို့ ရာနှုန်းပြည့် မသေချာသေးဘူးလို့ ထုတ်ဖော် ပြောကြားလိုက် ပါတယ်။
အသက် ၂၅ နှစ်အရွယ် ဖိုဒန်ဟာ ဂျပန်နဲ့ပွဲမှာ ဟာရီကိန်း မပါဝင်နိုင်တဲ့နေရာမှာ False Nine အဖြစ် ပွဲထွက်ခဲ့ပေမဲ့ အသင်းအတွက် အကျိုးသက်ရောက်မှု မရှိခဲ့တာပါ။
တူချယ်က ဖိုဒန်ဟာ လေ့ကျင့်ရေးကွင်းမှာ ခြေစွမ်းပြနေပေမဲ့ တကယ့်ပွဲစဉ်တွေမှာတော့ ရုန်းကန် နေရတယ်လို့ ဆိုပါတယ်။
ဖိုဒန်ဟာ မန်စီးတီးအသင်းရဲ့ နောက်ဆုံး ၁၅ ပွဲမှာ ၄ ပွဲသာ ပွဲထွက်ခွင့်ရထားပြီး ဒီဇင်ဘာလ ကတည်းက ဂိုးသွင်းယူနိုင်ခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ လာမဲ့ မေ ၃၀ ရက်မှာ ကမ္ဘာ့ဖလားအတွက် အပြီးသတ်လူစာရင်းကို တင်သွင်းရမှာဖြစ်ပြီး ဇွန် ၁၇ ရက်မှာတော့ ခရိုအေးရှားနဲ့ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။










