DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယ အာသံပြည်နယ်၌ ရုတ်တရက် ရေကြီးပြီး လူ ၁ ဦး သေဆုံး၊ ၄ ဦး ပျောက်ဆုံးနေ
DVB
·
June 30, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာရုနာချယ်ပရာဒေ့ရှ်ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဇွန် ၂၉ ရက်က အိမ်နီးနားချင်း အာသံပြည်နယ်ထဲက ကျေးရွာတွေမှာ ရေကြီးရေလျှံပြီဂ  အနည်းဆုံး လူ ၁ ဦး သေဆုံး၊  ၄ ယောက် ပျောက်ဆုံးနေပါတယ်။ 

အာရုနာချယ် ပရာဒက်ရှ်ပြည်နယ်ထဲက မိုးသည်းထန်မှုကြောင့် ရုတ်တရက် ရေကြီးတာတွေ ဖြစ်ပွားခဲ့ပြီး အာသံပြည်နယ်ထဲက ဂျိုနိုင်းရွာ အပါအဝင် အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသအသီးသီးကို ရေတွေ စီးဝင်လာခဲ့တာပါ။

အာရုနာချယ် ပရာဒက်ရှ်ပြည်နယ်၊ ကယ်ယီပန်ညော ခရိုင်ထဲက ရေကြီးမှုကြောင့် လူတယောက် သေဆုံးခဲ့ပြီး အနည်းဆုံး ၄ ယောက် ပျောက်ဆုံးနေဆဲလို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ဒေသခံရွာသားတယောက်က “တနင်္ဂနွေနေ့ ညပိုင်းကတည်းက အာရုနာချယ် ပရာဒက်ရှ်ဘက်မှာ မိုးတွေ အသည်းအသန် ရွာလို့ ဒီမှာ ရေကြီးကုန်တာ။ တစ်ရွာလုံးလည်း ရေနစ်မြုပ်ပြီး ဒုက္ခရောက်ကုန်ကြပြီ” လို့ ပြောပါတယ်။

အိန္ဒိယအရှေ့မြောက်ပိုင်းဒေသဟာ မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိပြီး မြေပြိုတာနဲ့ ရုတ်တရက် ရေကြီးတာတွေကြောင့် နှစ်စဉ်နှစ်တိုင်း လူသန်းပေါင်းများစွာကို ထိခိုက်ခံစားရလေ့ ရှိပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013