DVB Logo
Home
မြန်မာသတင်း
ပြည်ခရိုင် ဧရာဝတီမြစ်ထဲ တွဲသင်္ဘောတစီး မီးလောင်နစ်မြုပ်၊ လူ ၂ ဦးဒဏ်ရာရ
DVB
·
February 1, 2019
ပြည်ခရိုင် ဧရာဝတီမြစ်ထဲ တွဲသင်္ဘောတစီး မီးလောင်နစ်မြုပ်၊ လူ ၂ ဦးဒဏ်ရာရ
1 / 6
Donate to DVB

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဧရာဝတီမြစ်ထဲမှာ ကျောက်စရစ်တွေတင်ပြီး ရပ်ထားတဲ့ တွဲသင်္ဘောကြီးတစီး ၀မ်းဗိုက်ပေါက်တာကို ဓာတ်ငွေ့နဲ့ ဂဟေဆက်ရင်းနဲ့ သင်္ဘော တခုလုံး မီးလောင်ပေါက်ကွဲပြီး ရေထဲနစ်မြုပ်သွားတယ်လို့ ပြည်ခရိုင် မီးသတ်ဦးစီးဌာနက သိရပါတယ်။

Lucky Star 2 လို့ အမည်ပေးထားတဲ့ ဒီသင်္ဘောဟာ ဖေဖော်ဝါရီ ၁ ရက် မနက် ၉ နာရီလောက်မှာ မီးလောင်ပေါက်ကွဲခဲ့တာဖြစ်ပြီး သင်္ဘောပေါ်မှာ လူ ၈ ယောက် လိုက်ပါလာတဲ့အထဲ   ၂ ယောက် ဒဏ်ရာရခဲ့လို့ ဆေးရုံပို့ဆောင်ထားရပါတယ်။

မျက်မြင်တွေ့ခဲ့ရသူ ပြည်မြို့နယ် သဲဖြူကျေးရွာသား ဦးဝမ်းမောင်က   “တွဲသင်္ဘောကြီးကိုတွန်းတဲ့ နောက်တွဲသင်္ဘောကြီးလောင်တာ ပြည်မြို့နယ်၊ ဇလုံရွာရဲ့ ဘေးကမြစ်ထဲမှာ ပေါက်ကွဲပြီးတော့လောင်တာ၊ နေ့လယ် ၁ နာရီလောက်အထိ လောင်နေပြီး နေ့လယ် ၁ နာရီကျော်လောက်မှာ နောက်တွဲကြီးတခုလုံး ရေထဲကို နစ်မြုပ်သွားတယ်။ ရှေ့ကကျောက်တင်တဲ့ တွဲကြီးကတော့ ရေပေါ်မှာ ကျန်နေခဲ့တာ” လို့ ပြောပါတယ်။

ဒီမီးလောင်မှုကို ပြည်ခရိုင် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပန်းတောင်းမီးသတ်တပ်ဖွဲ့တွေက သွားရောက်ကူညီခဲ့ကြပြီး မီးလောင်မှု ဖြစ်ပွားပုံအသေးစိတ်နဲ့ ပျက်စီးဆုံးရှုံးမှုပမာဏကိုတော့ တွက်ချက်မပြီးသေးဘူးလို့ ပြည်ခရိုင်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မင်းညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013